သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်နယ်စပ်တိုက်ပွဲ ပြင်းထန်


လောက်ကိုင် ဒေသတဝိုက် နေရာ သုံးနေရာမှာ ဒီကနေ့ မြန်မာ့ တပ်မတော်နဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရန်လုံကျိုက် နယ်စပ်ဂိတ်၊ နယ်စပ်မိုင်တိုင် အမှတ် ၁၂၇ နဲ့ ရင်ကျင့်ထန်ကြား တလျှောက်နဲ့ လောက်ရှန်းထန် ဒေသတို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီကနေ့ တိုက်ပွဲတွေ အခြေအနေကိုတော့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ သူက အခုလိုဖြေပါတယ်။

“ဖြေ။ ။ဒီကနေ့တိုက်ပွဲကတော့ အရင်ရင်ထက်စာရင်နည်းနည်းလေးများတယ်ခင်ဗျ ။ ဒီနေ့မနက်ကတော့ နေရာ ၄ နေရာ -၅ နေရာလောက်မှာ ဖြစ်တယ်ခင်ဗျ ။ ဒီမနက် ၈ နာရီလောက်မှာတော့ လောက်ကိုင် ရန်လုံကျိုက် နားရယ်၊ နေ့ခင်းဘက်မှာတော့ မိုင်တိုင် ၁၂၅- ၁၂၇ကြား ၊ လောက်ရှန်းထန်ရယ် နောက် ၁ နေရာ ၂ နေရာလောက်မှာ နည်းနည်းလေး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တွေဖြစ်တယ်ခင်ဗျ။

မေး။ ။အဲဒီတော့ အခုတိုက်ပွဲက လက်နက်ကြီးနဲ့ ဟိုဘက် ဒီဘက် ပစ်နေတာလား ဘယ်လိုပုံစံဖြစ်နေပါသလဲရှင့်။

ဖြေ။ ။အခုနောက်ပိုင်း မြန်မာ့တပ်မတော်ဘက်က သူတို့ရဲ့ တိုက်ပုံကတော့ လက်နက်ကြီးတွေ အစွမ်းကုန်ပစ်တယ်။ မြေပြင်အခြေအနေနည်းနည်းငြိမ်ရင် မြေပြင်က တက်တယ်။ ပြီးရင် လေယာဉ်နဲ့ ပစ်တယ်။ အဲလိုပုံစံမျိုးပါ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးတွေကတော့ ကျနော်တို့က မရှိဘူး ကျနော်တို့က သူပုန်တပ်ဆိုတော့ လက်နက်ကြီးတွေ အစိုးရတပ်လောက်တော့မရှိဘူး ။ ရသလောက်ကတော့ ရတဲ့ ပစ္စည်းလေး လက်နက်တွေနဲ့ကတော့ ခုခံကာကွယ်နေတာပါ။ သူတို့ဘက်ကတော့ ဒီရှိပြီးသား တပ်မတွေအပြင် ဒီကြားထဲမှာတော့ တပ်မ ၆၆၊ ၇၇ တွေ ၊ ၁၁၊၃၃ အဲဒီ တပ်မ ၄ ခုလောက်တော့ရှိမယ်။ ပြီးရင် သံချပ်ကာ တပ်ရင်းတွေရယ် ဒီကြားထဲမှာတော့ လေယာဉ်ကိုတော့ အရင် ၁ ရက်နေ့ကတော့ မပါသေးဘူးပေါ့နော် ၊ အဲဒီတော့ တပ်မ ၃ ခုအထက်တော့ တိုက်နေတာတွေ့တယ်ခင်ဗျ။”

တပ်မတော်ဘက်ကတော့ အကျအဆုံးအထိအခိုက်ကို အတိအကျ မထုတ်ပြန်ပေမယ့် Facebook စာမျက်နှာမှာတော့ ပျံ့နှံ့နေတဲ့ ဓါတ်ပုံနဲ့ မိသားစု သတင်းတွေအရမှာ တပ်မတော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ၁ ဦး ဒီကနေ့ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG