သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရေငုပ်သင်္ဘော ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားရေငုပ်သင်္ဘော ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားရေငုပ်သင်္ဘော ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားအစိုးရက ပဲ့ထိန်းတပ်ဒုံးကျည်တစင်းကို ရေငုပ်သင်္ဘောပေါ်ကနေ ဒီကနေ့ အစောပိုင်းက စမ်းသပ် ပစ်လွှတ်လိုက်ပြီး တဲ့နောက် ဒီအပေါ်မှာ ဒေသတွင်း ခေါင်းဆောင်တွေနဲ့ အမေရိကန်အစိုးရက ရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်စရာ မရှိဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။

“ခုလို ရန်လိုတဲ့အပြုအမူမျိုးကို ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါဘူး။ ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ မြောက်ကိုရီးယားအစိုးရ အနေနဲ့ ဒီလို ရန်လိုတဲ့လုပ်ရပ်တွေကိုရပ်တန့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံး အနေနဲ့ ကျနော်တို့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဦးဆောင်ပြီး ဒီကနေ့ အစည်းအဝေးမှာ တိုက်တွန်းဆောင်ရွက်သွားပါမယ်။” - လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီအိုကိရှိဒ က ပြောသွားတာပါ။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပနေချိန်၊ မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး စမ်းသပ်ပစ်လွှတ်အပြီး နာရီပိုင်းအကြာမှာပဲ အဲဒီလို ပြောခဲ့တာပါ။ အခုနောက်ဆုံး မစ်ဇိုးဒုံးကျည်ကိုတော့ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲလောက်က Sinpo မြို့အနီးမှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တာမှာ ကီလိုမီတာ ၅၀၀ အထိ ရောက်အောင် ပစ်ခတ်နိုင်ခဲ့ပြီး ဂျပန်ပင်လယ်ထဲကို ကျခဲ့တာပါ။

ဒီစမ်းသပ်မှုဟာ အမေရိကန် ကုန်းတွင်းပိုင်း ဒါမှမဟုတ် ကမ္ဘာပေါ်က ဘယ်ပစ်မှတ်ကိုမဆို နျူးကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်ဖို့အတွက် မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ရေးစွမ်းရည် တိုးတက်လာမှုကို ပြသလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG