သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဒေးကွ ျန်း တရုတ်ရေနံပိုက်လိုင်းစဖို့ အဆင်သင့်ရှိ


ရေနံတင် သဘောၤ Nordic Freedom ကျောက်ဖြူ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်။ ဓာတ်ပုံ - VOA (မြန်မာပိုင်း)
ရေနံတင် သဘောၤ Nordic Freedom ကျောက်ဖြူ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်။ ဓာတ်ပုံ - VOA (မြန်မာပိုင်း)

ရခိုင်ပြည်နယ် ကျောက်ဖြူ မဒေးကျွန်းကို တရုတ်တို့ရဲ့ ရေနံစိမ်း သဘောၤတွေ ဒီရက်ပိုင်း ခပ်စိပ်စိပ် ဆိုက်ရောက်လာနေပြီး မကြာခင်မှာ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကနေ စတင် တင်ပို့တော့မယ့် အနေအထား ရှိနေပြီလို့ ကျောက်ဖြူမြို့ကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ပြောပါတယ်။ တရုတ် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ အရေး အပြင် ကျောက်ဖြူမြို့ပေါ်က ဒုက္ခသည် စခန်း အခြေအနေတွေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ ကိုကျော်ကျော်သိန်းက အခုလို စပြီး ပြောပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ။ ထူးထူးခြားခြားကတော့ ဒီ မဒေးကျွန်းမှာ ရှိတဲ့ China National Petroleum ကုမ္ပဏီပေါ့လေ CNP ကုမ္ပဏီရဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ သိုလှောင်တဲ့ စခန်း၊ အဲဒီကနေ တရုတ်ပြည်ကို ပို့မယ့်နေရာပေါ့ အဲဒီနေရာကို ဒီရက်ပိုင်း အတွင်း ရေနံတင်တဲ့ သဘောၤတွေ ခပ်စိပ်စိပ် ဝင်ပြီးတော့ ကျနော်တို့ ရောက်တဲ့နေ့မှာ တစီး ရှိပါတယ်။ ဒီကနေ့ ဆိုရင် တစီးထပ်ဝင်ပါတယ်။

ဆိုတော့ အဲဒီစခန်းမှာ ရေနံတွေ သိုလှောင်၊ သိုလှောင်ပြီးတော့မှ ရေနံ ပမာဏ ပြည့်တဲ့ အချိန်မှာ တရုတ်ပြည်ကို စပြီးတော့ ဒီပိုက်လိုင်းကနေ ရေနံတွေ လွှတ်မယ့် သဘောရှိပါတယ်။ အဲလိုဘဲ သဘာ၀ ဓာတ်ငွေ့ကလည်းဘဲ အဲဒီနေရာကို ရောက်နေပြီ ဖြစ်တဲ့ အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ နှစ်ခုလုံးကို ဒီရက်ပိုင်း အတွင်းတွေပေါ့လေ သတင်းပတ်တွေ အတွင်းမှာဘဲ တရုတ်ပြည်ကို စပြီးတော့ ပို့လွှတ်မယ့် သဘော ရှိပါတယ်။

ဒီကြားထဲမှာဘဲ ဒေသခံတွေ ဘက်ကနေပြီးတော့ ကန့်ကွက်တာတွေ ဆန္ဒပြတာတွေကလည်း အခုအချိန်ထိ ရှိနေတုန်းပါဘဲ။

သိင်္ဂ ီထိုက်။ ။ ကိုကျော်ကျော်သိန်း ဒီခရီးစဉ် အတွင်းမှာဘဲ IDP စခန်းတွေကို သွားခဲ့ပါသေးတယ်။ ဘာတွေများ ထူးထူးခြားခြားတွေ့ပါသလဲ။ တိုးတက်မှုတွေရော ရှိနေပါလား။

ကိုကျော်ကျော်သိန်း။ ။ ဒီမှာ အခေါ်ကတော့ ကယ်ဆယ်ရေး စခန်းပေါ့လေ။ ကယ်ဆယ်ရေး စခန်းကတော့ ကျောက်ဖြူမှာ တခုဘဲ ရှိပါတော့တယ်။ ကျောက်တလုံး ကယ်ဆယ်ရေး စခန်း ဆိုတာပါ။ အဲဒီ စခန်းထဲမှာကတော့ ဘာသာ ပေါင်းစုံ လက်ရှိ ရှိနေပါတယ်။ လူ ၁၁၀၀ ကျော်ရှိနေပါတယ်။ ဒီစခန်းထဲက လူတွေကို ကျနော် မေးကြည့်သလောက် ဒီစခန်းထဲက လူတွေက သူတို့က ကျောက်ဖြူမြို့ပေါ် ရပ်ကွက် အသီးသီးက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ နောက်ပိုင်းမှာ အဲဒီကို ရောက်သွားကြတဲ့သူတွေဖြစ်ပြီးတော့ အဲဒီစခန်းကနေ သူတို့ နဂို နေခဲ့တဲ့ ရပ်ကွက်တွေထဲကို သူတို့က ပြန်နေချင်ပါတယ်။

ဒါပေမယ့်လည်း ကျနော် မြို့နယ် အုပ်ချုပ်ရေးမှူး၊ တခြား ဒီ မြို့ပေါ်က တက်ကြွလှုပ်ရှားသူတွေ၊ တခြား ဒီကိစ္စနဲ့ နီးစပ်တဲ့သူတွေ စသည်အားဖြင့် တွေ့ဆုံမေးမြန်းတဲ့ အခါမှာတော့ ဒီစခန်းထဲမှာ လက်ရှိ ရှိနေတဲ့လူတွေ သူတို့ နဂို နေခဲ့တဲ့ နေရာ အသီးသီး၊ ရပ်ကွက် အသီးသီးမှာ ပြန်နေဖို့ အခြေအနေကတော့ တော်တော်လေးကို မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

လက်ရှိ အခြေအနေမှာကတော့ စခန်းထဲက လူတွေကို အဲဒီနား ပတ်ဝန်းကျင်မှာဘဲ နေရာချထားပေးဖို့ အတွက် ညှိနှိုင်းဆွေးနွေးနေကြတဲ့ အဆင့် ရှိပါတယ်။ ဒီလူတွေသည် ဒီစခန်းကို ပိတ်၊ သူတို့နေခဲ့တဲ့ နေရာတွေကို ပြန်သွားဆိုတဲ့ အခြေအနေမျိုးကတော့ လက်ရှိ အခြေအနေက ကျောက်ဖြူမြို့ပေါ်မှာ တော်တော်လေးကို ဖြစ်နိုင်ခြေ နည်းတဲ့ အခြေအနေလို့ ကျနော် တွေ့ခဲ့ မေးခဲ့သလောက် သိထားရပါတယ် ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG