သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာ ဗုံးခွဲမှုကြောင့် လစ်ဗျားပြည်တွင်းစစ် အရှိန်မြင့်


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့က ပြိုင်ဘက် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်။ မေလ ၂၇ ရက် ၂၀၁၇။
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့က ပြိုင်ဘက် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်။ မေလ ၂၇ ရက် ၂၀၁၇။

ဗြိတိန်နိုင်ငံ Manchester မှာ တနင်္လာနေ့က အသက် ၂၂ နှစ်အရွယ် လစ်ဗျားဇာတိ ဗြိတိန်နိုင်ငံသား Salman Abedi ရဲ့ အသေခံ ဗုံးခွဲမှုဟာ လစ်ဗျား ပြည်တွင်းစစ်ကို ဗြိတိန်ဆီ သယ်လာရုံ သာမကပဲ လစ်ဗျား နိုင်ငံထဲက အုပ်ချုပ်မှု အာဏာလု နေကြတဲ့ အစိုးရတွေနဲ့ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေမှုတွေ ကိုပါ ထိခိုက်စေတာ ဖြစ်ပါတယ်။

Manchester ဗုံးခွဲမှုကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် အများစု အပါအဝင် လူ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရစေခဲ့တာ ကနေ လစ်ဗျား နိုင်ငံထဲမှာ လက်နက်ကိုင် သူပုန်တွေနဲ့ ပြိုင်ဘက် အစိုးရ ၃ ရပ်တို့ကြား တိုက်ခိုက်နေမှုတွေ အရှိန်မြင့်လာခဲ့တာပါ။ ဒီအဖွဲ့ အားလုံးက နိုင်ငံကို အုပ်ချုပ်နိုင်ဖို့ ပြိုင်နေကြတဲ့ အပြင် သူတို့တွေကို ပံ့ပိုးမှု ပေးနေတဲ့ အင်အားကြီး နိုင်ငံတွေကပါ ပြိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ Manchesterတိုက်ခိုက်မှုကို သာမက သောကြာနေ့က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အီဂျစ်နိုင်ငံက Coptic ခရစ်ယာန်တွေကို ပစ်ခတ်မှုတွေကိုပါ အခွင့်ကောင်းယူပြီး သူတို့ ပြိုင်ဘက်တွေထဲက ဘယ်သူက ဆက်စပ်မှု ရှိမရှိ မစဉ်းစားဘဲ တဖက်ကိုအပြစ်ဖို့ဖို့ ကြိုးစား နေကြတာပါ။

အထူးသဖြင့် လစ်ဗျားနိုင်ငံ မြို့တော် Tripoli မှာ တိုက်ခိုက်မှု အရှိန်မြင့်လာခဲ့တာမို့ လစ်ဗျား ငြိမ်းချမ်းရေး ရဖို့ ဦးဆောင် ကြိုးပမ်းနေတဲ့ ကုလသမဂ္ဂ အထူးသံတမန် Martin Kobler ရဲ့ လုပ်ဆောင်မှုတွေ အရာမထင် ဖြစ်စေခဲ့ပါတယ်။ လစ်ဗျားနိုင်ငံမှာ အာဏာရှင် Moammar Gadhafi ဖြုတ်ချ ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ၆ နှစ် လောက်ကစပြီး တည်ငြိမ်မှု မရှိတဲ့ ဒေသမှာ ငြိမ်းချမ်းရေးအတွက် မစ္စတာ Kobler က မနားမနေ ကြိုးစား နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG