သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာဗုံးကွဲမှု သူတို့လက်ချက်ဟု IS ပြောဆို


အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အမေရိကန် ပေါ့ပ်ဂီတ အကျော်အမော် Ariana Grande ရဲ့ ဂီတပွဲမှာ မနေ့ တနလာၤနေ့က ဖောက်ခွဲမှုဟာ သူတို့လက်ချက်လို့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ကာလီဖိတ် စစ်သားတဦးက ဗုံးတွေထောင်ပြီး ဖောက်ခွဲခဲ့တာလို့ IS အဖွဲ့က ပြောတာပါ။ သေဆုံး ထိခိုက်သူ အများစုက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

တိုက်ခိုက်မှုကို IS အဖွဲ့ က စီစဉ်ခဲ့သလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ အမေရိကန် ထောက်လှမ်းရေး ထိပတန်း တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှုတွေကို သူတို့လုပ်တာလို့ အစွန်းရောက်အဖွ့ဲ က ပြောနေကျ ဖြစ်တယ်လို့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေမှူး Dan Coats က လွှတ်တော်ကို ပြောဆိုတာပါ။

တိုက်ခိုက်သူက ဖြစ်သလို ဖန်တီးထားတဲ့ ဖောက်ခွဲ ပစ္စည်းနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်ပြီး သူကတော့ အဲဒီနေရာမှာဘဲ သေသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယုံကြည်ထားတဲ့ အကြောင်း ဗြိတိန်ရဲက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လူပေါင်း ၅၉ ဦး ဒဏ်ရာရသွားပါတယ်။ တိုက်ခိုက်သူ ဘယ်သူဆိုတာကို ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက သူတို့ သိထားပြီလို့ ဆိုပေမယ့် လူသိရှင်ကြား ထုတ်ပြောဖု့ိ အဆင်သင့် မဖြစ်သေးတဲ့ အကြောင်း ဝန်ကြီးချုပ် Theresa May က ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး တောင်ပိုင်း မန်ချက်စတာက အသက် ၂၃ နှစ် အရွယ် အမျိုးသား တဦးကို တာဝန်ရှိသူတွေ ဖမ်းဆီးထားပြီလို့ ရဲဌာနက တွစ်တာမှာ ရေးသား ပြောဆိုထားပေမယ့် တိုက်ခိုက်မှုနဲ့ ဘယ်လို ဆက်နွှွယ်ပတ်သက်သလဲ ဆိုတာကိုတော့ ပြောဆိုမထားပါဘူး။

အမေရိကန် ပေါ့ပ် ဂီတ အကျော်အမော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေပွဲ အပြီး လူ ၂ သောင်း ၁ ထောင်ဆန့်တဲ့ မန်ချက်စတာ ပွဲရုံကြီးရဲ့ ခန်းမဆောင်ထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဆိုတော် Ariana Grande ကတော့ သိပ်ကို ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ မန်ချက်စတာက တိုက်ခိုက်မှုကို အမေရိကန် အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပြီး အမေရိကန် ပြည်ထောင်စု အတွင်းက ဂီတပွဲတွေကို ထူးခြားတဲ့ ခြိမ်းခြောက်မှု မရှိဘူးဆိုပြီး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG