သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တလွှား အောက်မေ့ဖွယ်နေ့ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ တနင်္လာနေ့ဟာ အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။ အမေရိကန်တွေအတော်များများအတွက်တော့ နွေရာသီ စတင်တဲ့နေ့ဖြစ်တယ်လို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားကြပါတယ်။

တရားဝင်ကတော့ အမေရိကန်သမိုင်းတလျှောက်မှာ စစ်မှုထမ်းစဉ်အတွင်း ကျဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် မေလ နောက်ဆုံးသီတင်းပတ်ရဲ့ တနင်္လာနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ်နဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်က ဒီအောက်မေ့ဖွယ်နေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ်နဲ့ ၁၉၇၁ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အပါအဝင် နိုင်ငံတဝှမ်းမှာ ဒီကနေ့မှာ ကျရောက်တဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားတွေကို ကျင်းပဖို့အတွက် ပြင်ဆင်ထားကြပါတယ်။ ဝါရှင်တန်မှာတော့ - အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အာလင်တန်နိုင်ငံတော်စစ်သင်္ချီုင်းမှာရှိတဲ့ အညတရစစ်သည်တွေရဲ့ ဂူဗိမာန်မှာ သွားရောက်ပြီးတော့ ဂုဏ်ပြုပန်းခွေချမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတဝှမ်းကနေ မော်တော်ဆိုင်ကယ်တွေ နဲ့ စုပြီးလာကြတဲ့ အမေရိကန်စစ်ပြန်တွေကတော့ ဒုတိယကမ္ဘာစစ်နဲ့ ဗီယက်နမ်စစ်ပြန်တွေရဲ့ အမှတ်တရဗိမာန်မှာသွားရောက်ပြီးတော့ ဂုဏ်ပြုပန်းခွေချကြမှာဖြစ်ပါတယ်။ စစ်ပြန်များရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု အဖွဲ့ကတော့ - ပန်တာဂွန်စစ်ဌာနချုပ်အတွက် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံတိုးတာအပါအဝင် သမ္မတထရမ့်ရဲ့ အစိုးရအသုံးစရိတ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အခမ်းအနားတွေ အတော်များများကို ဝါရှင်တန်မှာလုပ်သွားမှာဖြစ်ပါတယ်။

အောက်မေ့ဖွယ်နေ့အခမ်းအနားကို အမေရိကန်ပြည်တွင်းစစ်အပြီး ၁၈၆၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG