သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည်တွေကို နိုင်ငံနဲ့အတူ Trump ဂုဏ်ပြု


President Donald Trump attends a wreath laying ceremony at Arlington National Cemetery, May 29, 2017, in Arlington, Va.
President Donald Trump attends a wreath laying ceremony at Arlington National Cemetery, May 29, 2017, in Arlington, Va.

အကြမ်းဖက်ဝါဒကို တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံကို ချစ်မြတ်နိုးကြတဲ့ အမေရိကန် မျိုးဆက်သစ်တွေကို သမ္မတ Donald Trump က တနင်္လာနေ့မှာ ကျရောက်တဲ့ အောက်မေ့ဘွယ်နေ့ အခမ်းအနားမှာ ဂုဏ်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမေရိကန် မျိုးဆက်သစ်တွေဟာ အကြမ်းဖက်မှုကို နှိမ်နင်းတဲ့ တိုက်ပွဲတွေမှာ ပါဝင် ဆင်နွဲနေပြီး အပြစ်မဲ့တဲ့ လူသားတွေကို သတ်ဖြတ်နေတဲ့ ရန်သူရဲ့ ဘေးကနေ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဖို့ အသက်စွန့် တိုက်ခိုက်နေကြတာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ထပ်လောင်း ပြောကြားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်အဆက်ဆက်က စစ်ပွဲတွေအတွင်း ကျဆုံးခဲ့ကြတဲ့ စစ်သည်တော်ပေါင်း ၃ သိန်းကျော်ကို မြုပ်နှံထားတဲ့ ဝါရှင်တန် ဒီစီမြို့အပြင်မှာရှိတဲ့ Arlington အမျိုးသား စစ်သင်္ချိုင်းမှာ အောက်မေ့ဘွယ်နေ့ အခမ်းအနားကို တနင်္လာနေ့က ကျင်းပခဲ့တာပါ။

အာဖဂန်နစ္စတန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေအတွက် တပ်သားအင်အား တိုးမြင့်ပေးဖို့ ပင်တဂွန် အမေရိကန် စစ်ဌာနချုပ်ရဲ့ တောင်းဆိုချက်အပေါ် မကြာခင် အချိန်အတွင်းမှာ သမ္မတ Trump က ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။

တပ်အင်အား တိုးမြင့်ရေး ပင်တဂွန်ရဲ့ အဲဒီတောင်းဆိုချက်ကို နောက်တက်လာမယ့် သမ္မတအသစ်က ချမှတ်ပါစေဆိုပြီး အရင် သမ္မတဟောင်း Barack Obama က ဆုံးဖြတ်ချက်မချပဲ ရာထူးကနေ အနားယူသွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG