သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ် နဲ့ KNU အပစ်ရပ်ရေးသဘောတူ


The 11-meter effigy of Britain's Speaker of the House of Commons John Bercow holding the heads of Prime Minister Boris Johnson and Labour Party leader Jeremy Corbyn is unveiled in Edenbridge, Britain.
The 11-meter effigy of Britain's Speaker of the House of Commons John Bercow holding the heads of Prime Minister Boris Johnson and Labour Party leader Jeremy Corbyn is unveiled in Edenbridge, Britain.

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကြားဝင်ညှိနှိုင်းမှုအရ တနင်္သာရီတိုင်းရေဖြူမြို့နယ်ဖက်မှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့ဟာ အပစ်ရပ်ရေးအတွက်သဘောတူညီခဲ့ကြတယ်လို့ အဖွဲ့ခေါင်း ဆောင်တွေကပြောပါတယ်။ ရှေ့ဆက်ပစ်ခတ်မှုမဖြစ်အောင်နှစ်ဖက်စောင့်ထိန်းသွားဖို့နဲ့နောင်လာမဲ့ပြည်ထောင်စုနေ့မှာ ထပ်မံတွေ့ဆုံသွားဖို့ရှိတယ်လို့လဲ တိုင်းအစိုးရအဖွဲ့နယ်လုံဝန်ကြီးကဆိုပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဖက်မှာ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့် စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် မနေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ ကြားဝင်ညှိနှိုင်းချက်အရ အပစ်ရပ်ရေး အတွက် သဘောတူညီခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူးနိုင်ရော့ထောကပြောပါတယ်။

“ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ KNU တို့ ပဋိပက္ခဖြစ်နေတဲ့ အချိန်ကာလကို တိုင်းအစိုးရအဖွဲ့နယ်လုံဝန်ကြီး နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖိတ်ကြားချက်အရ ၂ ဖက်ပြေလည်မှုရသွားအောင်ဆိုပြီးတော့ ခေါ်ယူညှိနှိုင်းခဲ့ပါတယ်။ နံပတ် ၁ အချက်က ကျနော်တို့ ပြည်သူလူထုတွေ သွားလာ လှုပ်ရှားတဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ အေးအေးချမ်းချမ်းသွားလာလှုပ်ရှားပြီး လုပ်ကိုင်စားသောက်ဖို့အတွက်ကို ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ KNU ဘက်ကပါ အနှောက်အယှက်တားဆီးမှုတွေ မပြုလုပ်ရပါဘူး။ နံပတ် ၂ က အောက်ခြေတပ်ဖွဲ့များ ပစ်ခတ်မှုမဖြစ်ပွားစေရေးအတွက် ၂ ဘက် အကြီးအကဲများက အောက်ခြေတပ်ဖွဲ့များကို ထိန်းထိန်းသိမ်းသိမ်း ကြပ်မတ်သွားဖို့ ကို သဘောတူခဲ့ကြပါတယ်။ ဒီသဘောတူညီချက် ၂ ချက်က ကျနော်တို့ စာနဲ့ပေနဲ့ တော့ သဘောတူညီခဲ့တာမဟုတ်ပါဘူး၊ နယ်လုံဝန်ကြီး နဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် နှုတ်ကတိနဲ့ ကျနော်တို့ ၂ ဖွဲ့ကိုတောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ကလည်း နှုတ်ကတိနဲ့ သဘောတူညီခဲ့ပါတယ်။”

မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား ၂၀၁၆စက်တင်ဘာလကနေ ၂၀၁၇ဇန်နာဝါရီအထိ(၄)ကြိမ်ထက် မနဲ တိုက်ပွဲဖြစ်ပွါးရာကနေ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ညှိနှိုင်းမှုနဲ့ နှုတ်ကတိအားဖြင့် သဘောတူခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

မနေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ စီစဉ်ပေးတဲ့နှစ်ဖက်အဖွဲ့တွေ့ဆုံမှုမှာ ပစ်ခတ်မှုထပ်မဖြစ်အောင် အစိုးရအဖွဲ့ ရဲ့ တောင်းဆိုမှုကိုနှစ်ဖက်အဖွဲ့ကနေသဘောတူခဲ့တယ်လို့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးဇော်လွင်ကပြောပါတယ်။

“အဓိက နောက်ထပ်ထပ်မဖြစ်အောင် ၂ ဘက်စလုံးကို ကျနော်တို့က တွေ့ပြီးတော့ ဆွေးနွေးခဲ့ကြတာပေါ့ဗျာ။ နောက်ထပ် ထပ်မဖြစ်ဖို့ပဲ အရေးကြီးတာကို အဲလိုညှိနှိုင်းဆွေးနွေးပြီးတော့ ၂ ဘက်စလုံးကလည်း သဘောတူညီကြပါတယ်။ နောက်ထပ်တွေ့ဆုံဖို့အတွက်ကိုလည်း ဖေဖဝါရီလ မှာ ပြည်ထောင်စုနေ့ အခမ်းအနား ရှိတယ်၊ နောက်နှစ်စဉ် နှစ်တိုင်း ကျနေ်ာတို့ ဒီမှာ ဆုံကြတယ်လေ ၊ အဲဒီအခမ်းအနားမှာလည်း ၂ ဖက်စလုံးက တက်ကြမှာပဲလေ၊ အဲဒီအခါကျရင် ပြောစရာရှိရင်လည်း သူတို့ ထပ်ပြီးတော့ ဆွေးနွေးကြမှာပေါ့။ အဓိကတော့ ဘာမှ ပြဿနာမဖြစ်အောင် ထပ်ဆွေးနွေးတာပါပဲ။”

လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း မွန်ပြည်သစ်နဲ့KNU နှစ်ဖက်တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါတယ်။

မနေ့ကတွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီဘက်က ခရိုင်ဥက္ကဌနိုင်ဧကဦးဆောင်အဖွဲ့ KNUဘက်က ဘိတ်ထားဝယ်ခရိုင် ဥက္ကဌ စောဆာပီးဒုတ်ဦးဆောင်အဖွဲ့နဲ့ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ တိုင်းဒေသကြီးလုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့ တက်ရောက် ခဲ့ပါတယ်။

ရေဖြူမြို့နယ် အတွင်း မွန်ပြည်သစ်ပါတီနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ ဒေသတွင်းပဋိပက္ခဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း ဒေသခံ တွေစိုးရိမ်မှုတွေရှိနေပေမဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တွေ အနေနဲ့တပ်တည်နေရာကိုလုံခြုံရေးယူထားတယ်လို့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ရော့ထောကပြောပါတယ်။

“ဒေသခံတွေ ကတော့ စိုးရိမ်မှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ တွေ ရှိနေတဲ့ နေရာမှာတွေကျတော့ အရင်ပုံစံအတိုင်းပဲ သွားလာ လှုပ်ရှားနေတာတွေရှိပါတယ် ကျနော်တို့ တပ်ဖွဲ့ကလည်း ကျနော်တို့လုံခြံရေးအရ လှည့်လည်စောင့်ကြည့်နေတယ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြုလုပ်နေတာတွေရှိပါတယ်။”

တနင်္သရီတိုင်းဒေသကြီးရေဖြူမြို့နယ်အတွင်းမှာ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသား အစည်းအရုံးတို့အကြား နယ်မြေနယ် နမိတ်ပိုင်းခြားသတ်မှတ်တာမရှိသေးတဲ့အတွက် အခုလိုနယ်မြေအငြင်းပွါးမှုပြဿနာဖြစ်ပွါးလာတာဖြစ်ပြီး နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ ဒီပြဿနာကို ဆက်လက်ညှိနှိုင်းသွားဖို့အစီအစဉ်ရှိတယ်လို့လဲ KNU ထားဝယ်ဆက်ဆံရေးရုံးတာဝန်ခံ ပသိုဝင်းခိုင်က ဆိုပါတယ်။

“ အဓိကတော့ ဒီနယ်မြေပြဿနာနဲ့ ပတ်သက်လို့ ဒီနေရာပိုင်းဆိုင်ရာ လေ့လာဆန်းစစ် တဲ့အပိုင်းမှာ ရှိပါတယ်လောလောဆယ်။ ကျနော်တို့ KNU သီးသန့် နောက်မွန်ပြည်သစ် နဲ့ ပြန်လည်တွေ့ဆုံညှိနှိုင်း ဖို့တော့ အစီအစဉ်ရှိတယ်ပေါ့နော်။”

နယ်နိမိတ်အငြင်းပွားတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် နှစ်ဖက်ညှိနှိုင်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပူးတွဲဖွဲ့စည်းခဲ့ပေမယ့် လည်း ဇန်နာဝါရီလအထိတော့ မွန်ပြည်သစ်ပါတီနဲ့ KNU တပ်ရင်း ၁၆ အကြား ပစ်ခတ်မှုထပ်ဖြစ်ခဲ့ပါသေးတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး (၂၈)နှစ်နီးပါးပဋိပက္ခရပ်တန့်ရာကနေ ၂၀၁၆ခုနှစ်စက်တင်ဘာ(၉)ရက်နေ့မှာ အသေးစား တိုက်ပွဲ ဖြစ်ပွါးလာတာလဲဖြစ်ပါတယ်။

ဘဝတူ မဟာမိတ်အချင်းချင်း ပဋိပက္ခတွေ နောက်ထပ်မကျယ်ပြန့်သွားရေးအတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဖြေရှင်းတဲ့နည်းလမ်းနဲ့ ကြိုးပမ်းသွားမယ်လို့လဲ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်နဲ့ KNU ဒူပလာယားခရိုင်တို့ကနေ ဒီလမှာဘဲ ကြေငြာချက်တွေထုတ် ပြန် ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG