သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul နိုင်ငံပိုင် ရုပ်သံဌာနကို အီရတ်တပ်ဖွဲ့တွေ ပြန်သိမ်းနိုင်


Mosul နိုင်ငံပိုင် ရုပ်သံဌာနကို အီရတ်တပ်ဖွဲ့တွေ ပြန်သိမ်းနိုင်
Mosul နိုင်ငံပိုင် ရုပ်သံဌာနကို အီရတ်တပ်ဖွဲ့တွေ ပြန်သိမ်းနိုင်

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို IS စစ်သွေးကြွတွေလက်ထဲကနေ ပြန်လည် သိမ်းယူဖို့ ထိုးစစ်ဆင်နေတာမှာ ဒီကနေ့ အီရတ်အထူးတပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့တွင်းက ရုပ်မြင်သံကြားဌာနတခုကို ထိန်းချုပ်လိုက်တဲ့အကြောင်း အီရတ်ဗိုလ်ချုပ်ကြီးတဦးက ပြောပါတယ်။

မိုဆူးလ်မြို့တဝိုက် နေရာတွေကို အဓိက ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် အခုမြို့တွင်းကို ဝင်ရောက်တာဟာ အီရတ်တပ်ဖွဲ့တွေအတွက် ၂၀၁၄ ခုနှစ်ကစပြီး ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မိုဆူးလ်မြို့တွင်းက Gojali ရပ်ကွက်ထဲကို အီရပ်တပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်နိုင်ခဲ့ပြီး အဲဒီမှာ IS တွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဗိုလ်ချုပ် Sami al-Aridi က ပြောပါတယ်။

အီရတ်စစ်သားတွေ ရှေ့ဆက် မတိုးနိုင်အောင် IS တွေက မြို့တလျှောက်မှာ ကွန်ဂရစ်အကာအရံတွေ ချထားတယ်လို့လည်း သူက ပြောပါတယ်။ Gojali ရပ်ကွက်ထဲမှာရှိတဲ့ IS စခန်းတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ပြီး အီရတ်တပ်ဖွဲ့တွေ ခုလို အသာစီးရလာနေတာပါ။

IS စစ်သွေးကြွတွေ ဘက်ကတော့ သံချပ်ကာယာဉ်တွေကို တိုက်နိုင်တဲ့ ဒုံးကျည်တွေ၊ RPG လောင်ချာ လက်နက်ကြီးတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ အီရတ်နဲ့ ကာ့ဒ် လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေဟာ ရှီအာ ပြည်သူ့စစ်တွေ၊ အမေရိကန်ရဲ့ လေကြောင်း စစ်ကူတွေနဲ့ အတူ IS အစွန်းရောက်တွေကို မိုဆူးမြို့ထဲကနေ ရှင်းလင်းဖယ်ရှားဖို့ ထိုးစစ်ဆင်နေတာ သီတင်းနှစ်ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG