သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်အကိုင် အခက်အခဲကြောင့် ထိုင်းရောက် မြန်မာတချို့ ပြည်တော်ပြန် ခက်နေဆဲ


ငါးဖမ်းလှေပေါ်မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာရွေပြောင်းအလုပ်သမားများ (ပုံ -MAT)
ငါးဖမ်းလှေပေါ်မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာရွေပြောင်းအလုပ်သမားများ (ပုံ -MAT)

ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၁၆ကုန်ပြီး နှစ်သစ်ကူးလို့တနှစ်ပြီးတနှစ်သာကူးပြောင်းသွားပေမယ့် မြန်မာပြည်ကို ပြန်ပြီး အခြေချနေထိုင်ဖို့ အတွက်က ဝင်ငွေ၊ ထွက်ငွေမမျှတမှု အလုပ်အကိုင်တွေ အဆင်ပြေမူတွေ မရှိသေးတဲ့အတွက်နေရပ်ရင်းပြန်ဖို့ တွန့်ဆုတ် နေကြဆဲဖြစ်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

ထိုင်းနိုင်ငံမှာ တရားဝင်ကော၊ တရားမဝင်ကော အလုပ်သမား ၃သန်းထက်မနည်းရှိနေကြတယ်လို့ နှစ်နိုင်ငံအစိုးရတွေကခန့်မှန်းထားပါတယ်။ နေစဉ်လည်း ထိုင်းနိုင်ငံထဲကိုအလုပ်လာလုပ်နေကြတာပါ။ ၂၀၁၆ခုနှစ်ကုန်ဆုံးလို့၂၀၁၇ခုနှစ်သစ်ကူးချိန်မှာ နေရပ်ရင်းကိုပြန်နိုင်ဖို့အတွက် က အဆင်ပြေမူ မရှိနိုင်သေးတဲ့အတွက် မြန်မာပြည်ပြန်ဖို့ အခြေချဖို့ အခြေအနေတွေ မရှိသေးဘူးလို့ရွှေ့ပြောင်း အလုပ်သမားတဦးက ပြောပြပါတယ်။

“ဒီမှာကျတော့ သူ့နိုင်ငံရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မျှတတယ်လေ။ သူ့နိုင်ငံက ရတဲ့ ငွေနဲ့ က အဆင့်တန်းမြင့်မြင့် မဟုတ်သော်လည်း လူတန်းစေ့အောင် သုံးနိုင်တယ်။ အဲလိုမျိုးဆိုတော့ ကိုယ့်မြန်မာပြည် အမိနိုင်ငံကိုက ခဏတာပြန်လည်ကြတာပဲရှိတယ်၊ အခြေပြန်ချဖို့ကတော့ ကျမတို့ ဒီဘက်အလုပ်လာလုပ်တဲ့ လူတော်တော်များများကတော့ မစဉ်းစားကြပါဘူး။”

မြန်မာပြည်မှာအစိုးရသစ်တက်လာပြီးတဲ့နောက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့အတွက် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတွေကမျှော်လင့်နေကြတာပါ ။ ဒီအတွက်နေရပ်ရင်းကို ပြန်ကြဖို့လည်းဆန္ဒတွေရှိနေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း တွေရှာဖွေနိုင်ဖို့အတွက် အဆင်မပြေနိုင်သေးတဲ့ အပေါ်မှာ နေရပ်ရင်းကိုပြန်ဖို့ မစဉ်းစားသေးဘူးလို့ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား တဦးကလည်း ပြောပြပါတယ်။

“ပြန်လာခဲ့ အလုပ်ရှိတယ် ပြောပေမယ့်လည်း တကယ်တမ်းကျတော့ ခဏပဲ ပြန်ကြည့်တာတောင်မှ မဖြစ်နိုင်ဘူးပေါ့ လောလောဆယ်တော့။ အပြောနဲ့ လက်တွေ့က မဖြစ်နိုင်ဘူး ပြန်ရင်လည်း အလုပ်က ဒီမှာတော့ ပုံမှန်အလုပ်ရှိတာပေါ့နော်၊ ဟိုမှာတော့ ပုံမှန်အလုပ်မရှိဘူးလေ။ ကျမကတော့ ကိုယ့်တိုင်းကိုယ့်ပြည်ကတော့ ပြန်ချင်တာပေါ့နော် ဒါပေမယ့် လုပ်စားကိုင်စားဖို့ကတော့ အဆင်မပြေဘူး။”

အထောက်အထားရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာအနှိမ့်ဆုံးလုပ်အားခအဖြစ် ဘတ်ငွေ ၃၀၀ ရရှိပြီး အချိန်ပိုကြေးအဖြစ် တနာရီကို ၅၆ ဘတ် ရရှိကြပါတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကတော့ တနေ့ကို ဘတ်ငွေ ၁၅၀ ကနေ ၂၈၀ လောက်ထိဝင်ငွေရရှိကြတာပါ။ ဒီအတွက်မြန်မာပြည်ကတနေ့ လုပ်အားခထက်စာရင်တော့ ဒီလုပ်အားခဟာ မိသားစုတွေရှိတဲ့သူတွေ အတွက် တော့ သင့်တင့်မျှတမူရှိတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားတွေကဆိုပါတယ်။

“ကျပ် ၃၀၀၀ တောင်မှပဲ တရက်စာမရဘူးလေ၊ လူတယောက်အတွက်ဆိုရင်တော့ ၂ နှပ်စာလောက်ပဲရမယ်၊ အဲဒါမိသားစု တစုအတွက်ဆိုရင်တော့ လူ ၅ ယောက်ရှိတယ်ဆိုရင် ၅ ယောက်လုပ်မှ စားလို့ရတယ်။ ဒီမှာကတော့ ၁ ယောက်လုပ်ရင် ၃ ယောက်ကတော့ ထိုင်စားလို့ရတယ်ဆိုတော့ ဘယ်သူက ပြန်ဖို့ စဉ်းစားကြမှာလဲ။ ပြန်ဖို့ဆိုတာက လုပ်ကိုင်စားသောက်ပြီးအခြေပြန်ချကြမယ်ဆိုရင် သိပ်မစဉ်းစားကြဘူးလို့ထင်တယ်။ ကိုယ်တွေတောင်သိပ်မစဉ်းစားကြဘူး။”

ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀စုနှစ်တခုကျော် ကတည်းက ရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်ဝင်ရောက်လာနေတာပါ ။ တရားဝင်ဝင်ရောက်သူတွေက သိန်းဂဏန်းလောက်ပဲရှိပြီး တရားမဝင်နေထိုင်သူတွေက သန်းဂဏန်းလောက်ရှိနေတာပါ။မြန်မာပြည်လူဦးရေရဲ့(ရ )ရာခိုင်နှုန်းခန့်ဟာ နယ်စပ်တွေကတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ဝင်ရောက်အခြေချနေထိုင်နေကြပြီး တချို့ကတော့မိသားစုလိုက် အခြေချတာ တချို့ကတော့ ရွာအလိုက် လူငယ်အများစုက လာရောက်အလုပ်လုပ်ကိုင်တွေလည်းရှိနေတာပါ။တချို့လည်း မြန်မာပြည်က မိသားစုကိုငွေပြန်ပို့ပေးရတာတွေလည်းရှိပါတယ်။

ဒါပေမဲ့လည်းနှစ်သစ်ကူးလို့ တနှစ်တနှစ်သာ ပြောင်းသွားပေမယ့် စားဝတ်နေရေးနဲ့ အလုပ်အကိုင် အဆင်မပြေမူတွေရှိနေသေးတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားအများစုကတော့ နေရပ်ရင်းကိုပြန်နိုင်ဖို့ ကတော့ တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG