သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နိုင်ငံသားလွတ်လပ်ခွင့် တိုးတက်မှုရှိ


Freedom House အဖွဲ့ အစီရင်ခံစာ
Freedom House အဖွဲ့ အစီရင်ခံစာ

မြန်မာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ လွတ်လပ်မှုဟာ ၂၀၁၅ ခုနှစ်အတွင်း အဆင့် ၆ ကနေ ၅ ကို တက်လာပြီး အတက် ဖက်ကို ဆက်ပြီး ပြနေတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာလူနည်းစုတွေ ဘေးဖယ်ခံထားရ ပေမဲ့လည်း အများအားဖြင့် လွတ်လပ်ပြီး တရားမျှတတယ်လို့မြင်ကြတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက် လွတ်လပ်ခွင့်အခြေအနေ အတက်ဖက်ကို ပြလာတာလို့ Freedom House ကပြောပါတယ်။

ဒါပေမဲ့လည်း လွတ်လပ်ခွင့် တစုံလုံးအခြေအနေနဲ့ပတ်သက်လို့တော့ Not Free အပြည့်အဝလွတ်လပ်မှုမရှိသေးတဲ့ နိုင်ငံတခု အဖြစ် ၂၀၁၆ ခုနှစ် တကမ္ဘာလုံးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာအသစ်ထဲမှာ Freedom House က သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ထောက်ပြထားတာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို စစ်တပ်က ဆက်ပြီး ထိုးစစ်ဆင်နေတာ၊ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး အစိုးရကမလုပ်ချင်တာကြောင့် ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အလားအလာ ဆက်ပြီး အဟန့်အတားဖြစ်ခဲ့တာ၊ သတင်းမီဒီယာအပေါ် ကန့်သတ်တားဆီးတာတွေ ဆက်ရှိနေတာ၊ ကျောင်းသားဆန္ဒပြပွဲတွေကို အင်အားသုံးနှိမ်နင်းဖြိုခွဲခဲ့တာနဲ့အမျှ လွတ်လပ်စွာစုဝေးခွင့် ဆက်ပြီး ခြိမ်းခြောက်ခံနေရတာ၊ မူစလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေ ဆက်ဖြစ်နေတာ၊ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ မူစလင်ကိုယ်စားလှယ်လောင်းတွေကို ဝင်မပြိုင်စေဘဲ သိသိသာသာ ရှောင်ခဲ့တာ၊ အမျိုးဘာသာသာသနာ ကာကွယ်ရေးဥပဒေတွေလို့ ခေါင်းစဉ်တပ်ထားတဲ့ ဥပဒေ လေးခုကို လွှတ်တော်က ပြဌာန်းခဲ့တာ စတဲ့အချက်တွေကို Freedom House အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံးရဲ့ လွတ်လပ်ခွင့် တစုံလုံးအခြေအနေကတော့ ၁၀ နှစ်မြောက်ဆက်တိုက် ကျဆင်းလာတယ်လို့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG