သုံးရလွယ်ကူစေသည့် Link များ

မုန်တိုင်းသတိပေးချက်နဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေ


မုန်တိုင်းသတိပေးချက်နဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေ
မုန်တိုင်းသတိပေးချက်နဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေ

အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေချိန် ပြည်သူတွေအနေနဲ့ အရေးပေါ်မုန်တိုင်းသတိပေးချက် ပညာပေးနိုးဆော်ချက်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့် နားစွင့်ထားကြဖို့နဲ့ မုန်တိုင်းဘေးရှောင်ဖို့ စီစဉ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ ဘေးလွတ်ရာ နေရာတွေကို ချက်ခြင်းအမြန်ဆုံးပြောင်းရွှေ့ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက သတိပေးနိုးဆော်လိုက်ပါတယ်။ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေး ဒုသမ္မတဦးဟင်နရီဗထီးယူကိုယ်တိုင်ဦးဆောင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးအပါအဝင်ဝန်ကြီးတွေ ဒီကနေ့ နေပြည်တော်မှာ အရေးပေါ်စည်းဝေးခဲ့ကြပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေ မုန်တိုင်းဘေး အရေးပေါ်ရှောင်ဖို့ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေကိုလည်း အရေးပေါ်ပြင်ဆင်ထားပါတယ်လို့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။ အသေးစိတ်မဆုမွန် ပြောပြပါမယ်။

အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဟာ ဒီကနေ့ တနင်္ဂနွေနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကို ဝင်ရောက်တိုက်ခတ်လာနိုင်တဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းမှာ နေပြည်တော်မှာ မုန်တိုင်းအရေးပေါ်အစည်းအဝေးခေါ်ပြီးတော့ မုန်တိုင်းဘေးကြိုတင်ပြင်ဆင်မှုတွေကို အရေးပေါ် စီစဉ်နေကြပါတယ်။

နိုင်ငံတော်အဆင့် ဒုသမ္မတ ဦးဟင်နရီဗထီးယူကိုယ်တိုင် ဦးဆောင်ပြီး မုန်တိုင်းအရေးပေါ်အစည်းအဝေး
နိုင်ငံတော်အဆင့် ဒုသမ္မတ ဦးဟင်နရီဗထီးယူကိုယ်တိုင် ဦးဆောင်ပြီး မုန်တိုင်းအရေးပေါ်အစည်းအဝေး

နိုင်ငံတော်အဆင့် ဒုသမ္မတ ဦးဟင်နရီဗထီးယူကိုယ်တိုင် ဦးဆောင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး အပါအဝင် ဝန်ကြီးတွေက ဒေသဆိုင်ရာပြည်နယ်တိုင်းအစိုးရတာဝန်ရှိတွေက မုန်တိုင်းအရေးပေါ် ကူညီကယ်ဆယ်ရေးတွေနဲ့ မုန်တိုင်းဘေးယာယီတိမ်းရှောင်နိုင်ဖို့ အရေးပေါ်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

ဒီကနေ့ အရေးပေါ်ကျင်းပခဲ့တဲ့မုန်တိုင်းဘေးအစည်းအဝေးမှာ မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေး ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုညနေပိုင်းမှာ ဒုသမ္မတ ၂ တယောက်ရယ် ကျန်တဲ့ ပြည်ထဲရေးဝန်ကြီတက်တယ်၊ ကာကွယ်ရေးဝန်ကြီးတက်တယ် ၊နောက် နယ်စပ်ရေးရာဝန်ကြီး တက်တယ်။လည်ဆယ်ဝန်ကြီးရယ် ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးတတ်တယ်၊ နောက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး ကျနေ်ာရယ်ပေါ့နော် ။ နောက်ပြီးတော့ ကျန်တဲ့အတိုင်ပင်ခံရုံးက ဒုဝန်ကြီးတက်တယ်၊ ကျန်တဲ့ဝန်ကြီးဌာနတွေကတော့ အမြဲတမ်းအတွင်းဝန်တွေတက်တာပေါ့နော်။ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ အကယ်၍ဝင်လာရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ဟာတွေပေါ့နော်။ မိုးလေဝသနဲ့ ပတ်သက်တဲ့ ဌာနကလည်း ဒါတွေတင်ပြတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ ဝင်ဖို့ရှိပါတယ်။ ဒီနေ့ညနေ ၆ နာရီကနေပြီးတော့ ၁၂ နာရီကြားထဲမှာ ဝင်မယ်ဆိုတဲ့အခါကျတော့ တချို့ဒေသတွေကိုတော့ ရခိုင်ဘက်ကနေဝင်မယ်ပေါ့နော် ဆိုတော့ ကျောက်ဖြူတို့ဒီဘက်က ဝင်မယ့်ကိစ္စတွေကိုတော့ အဲဒါတွေကိုလည်း ကျနေ်ာတို့ ကြေညာထားပြီးသားဆိုတော့ ၁ နိုင်ငံလုံးကိုလည်း ရခိုင်ဒေသမှာ အဓိက ကျနော်တို့က ဘာလုပ်သလဲဆိုတော့ ပြည်သူတွေကို နိမ့်တဲ့နေရာကနေ မြင့်တဲ့နေရာကို ဒါပေမယ့် ရခိုင်မှာက ကံကောင်းတာကတော့ ကွင်းပြင်ကြီးမဟုတ်တဲ့အတွက် ကျနော်တို့က အမြင့်တွေကို ရွှေ့လို့ရတဲ့နေရာတွေရှိတယ် အဲဒီတော့ ရွှေ့လို့ရမယ့်နေရာတွေကို ရွှေ့ဖို့အတွက်ကို ဒီနေ့ညနေ ၆ နာရီနောက်ဆုံးထားပြီးတော့ အန္တရာယ်ရှိတဲ့နေရာကနေ ရွှေ့ပြောင်းဖို့ ဒါတွေကျနော်တို့ဆောင်ရွက်တာရှိပါတယ်။ နောက်တခုကတော့ တပ်မတော်ကလည်း ကာကွယ်ရေးအနေနဲ့လည်း ရဟတ်ယာဉ်ကော လေယာဉ်ပျံကော အထူးအရေးပေါ်ဆေးအဖွဲ့တွေရော ဒါတွေသူတို့ အဆင်သင့်လုပ်ပေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Search and Rescue ကျတော့ ကျနော်တို့ဒါတွေသုံးရမှာကို။ ဆိုတော့ ပြည်ထဲရေးကလည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဌာနတွေကို ညွှန်ကြားထားတယ်။ ဒီ ပြည်သူ့ရဲတွေကော၊ ကော်မတီအဆင့်ဆင့်ရှိတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ လုပ်ထားပြီးပြီပေါ့နော်။”

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေချိန် ပြည်သူတွေအနေနဲ့ အရေးပေါ်မုန်တိုင်းသတိပေးချက် ပညာပေးနိုးဆော်ချက်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့် နားစွင့်ထားကြဖို့နဲ့ မုန်တိုင်းဘေးရှောင်ဖို့ စီစဉ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ ဘေးလွတ်ရာ နေရာတွေကို ချက်ခြင်းအမြန်ဆုံးပြောင်းရွှေ့ကြကိုလည်း လူကယ်ပြန်ဝန်ကြီးက ပြည်သူတွေကို သတိပေးနိုးဆော်ပါတယ်။

“အဓိကတော့ မုန်တိုင်းဝင်ရောက်နိုင်တဲ့ဒေသ ၊ လှိုင်းတွေဘာတွေတက်နိုင်တဲ့ဒေသမှာရှိတဲ့သူတွေကို ကျနော်တို့ကနေပြီးတော့ ကြိုတင်ပြီးတော့ ပညာပေးတဲ့ပုံစံပါ့နော် ကျနေ်ာတို့ သတင်းထုတ်ပြန်နေတဲ့အတိုင်း၊ ဒီမှာအားလုံးပူးပေါင်းဆောင်ရွက်ပေးနေတဲ့အတိုင်း လိုက်ပါဆောင်ရွက်ဖို့ပေါ့နော် ပြည်သူတွေကတော့ ထုတ်ပြန်တဲ့သတင်းတွေကို မှန်မှန်နားထောင်ဖို့ ၊ မှန်မှန်ကြည့်ဖို့ အကယ်၍အဆက်အသွယ်ပျက်သွားရင်လည်း ကျနေ်ာတို့က ရေဒီယိုလှိုင်းစနစ်နဲ့ ဆက်သွယ်တဲ့ဟာတွေကို ကျနေ်ာတို့လုပ်ထားတယ် ဒါကိုလည်း ကျနော်တို့ စမ်းသပ်တယ် အဆင်ပြေလားဆိုတော့ ပြေနေတယ်၊ ရခိုင်တလျှောက်လုံး နဲ့ဆက်သွယ်လို့ရတယ် ဒါပေမယ့် အခုလည်းမပျက်ပါဘူး ဒါပေမယ့် ပျက်သွားရင် ဆိုတာတော့ရှိတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ သတင်းတွေရနေမယ်၊ အဲဒီသတင်းအတိုင်းကို ပြည်သူတွေကနေပြီးတော့ လိုက်ပါဆောင်ရွက်ရင် အန္တရာယ်ကင်းမှာသေချာတယ် ပြည်သူက ကျနော်တို့နဲ့ အတူတူ ပါဝင်ဆောင်ရွက်လိုက်ရုံပဲ အဲလိုပဲ ကျနော်မှာချင်ပါတယ်။”

မုန်တိုင်းလမ်းကြောင်းကျရောက်နိုင်တဲ့ ဒေသတွေက ပြည်သူတွေအတွက် မုန်တိုင်းဘေးအရေးပေါ်ရှောင်နိုင်ဖို့ ယာယီကယ်ဆယ်ရေး စခန်းတွေ စားနပ်ရိက္ခာဆေးဝါး ကြိုတင်ပြင်ဆင်ထားရှိမှုတွေနဲ့ မုန်တိုင်းသတိပေး အရေးပေါ်ကြေညာချက်တွေ အချိန်နဲ့တပြေးညီ စဉ်ဆက်မပြတ်ထုတ်ပြန်နိုင်ရေးကိုလည်း စီစဉ်ထားတာတွေကိုလည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ လူကယ်ပြန်ဝန်ကြီးက အခုလိုရှင်းပြပါတယ်။

“စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဆိုတော့ ကျနော့်အနေနဲ့လည်း အားလုံးကို ခြုံပြီးတော့ ညှိနှိုင်းပြီးတော့ စီမံခန့်ခွဲတာတွေလုပ်ထားပြီ လုပ်ထားပြီးတော့ ကျနေ်ာတို့မှာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့ အဲဒီဒေသတွေမှာ ပစ္စည်းတွေလိုရင်ထပ်ဖြည့်တာ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဒါတွေကျနော်တို့အကုန်ထပ်ဖြည့်ထားတယ် ၊ တချို့နေရာတွေမှာအဆင်သင့်ထားတယ် ဒါမျိုးတွေပေါ့ ကျနော်တို့ဆောင်ရွက်တာလုပ်ပါတယ်။ အဲဒီမှာမှ တခါ ထပ်ပြီးတော့ ရခိုင်ကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ကျနော်တို့စိတ်ပူတဲ့ တချို့နေရာတွေမှာ ပြောင်းရွှေ့ဖို့အတွက် အဆင်ပြေလားဆိုတာတွေကို ဗဟိုကော်မတီနဲ့ ညှိနှိုင်းပြီးတော့ တိုင်းဒေသကြီးတွေမှာပေါ့နော် ဒါတွေကို ကျနေ်ာတို့ လက်တွေ့လုပ်ဆောင်ပါတယ်။”

မုန်တိုင်းဘေးဒဏ်သင့်နိုင်တဲ့ဒေသပြည်သူတွေအနေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) က (၂၄)နာရီဖွင့်လှစ်ထားရှိတဲ့ အရေးပေါ် Call Centre ဖုန်းတွေဖြစ်တဲ့ (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးကနိုးဆော်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG