သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိမ္မော်ရောင်အဆင့်မုန်တိုင်း ရခိုင်ကမ်းရိုတန်းတိုက်ခတ်နိုင်


လိမ္မော်ရောင်အဆင့်မုန်တိုင်း ရခိုင်ကမ်းရိုတန်းတိုက်ခတ်နိုင် (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
လိမ္မော်ရောင်အဆင့်မုန်တိုင်း ရခိုင်ကမ်းရိုတန်းတိုက်ခတ်နိုင် (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ရခိုင်ပြည်နယ်ရဲ့ မြို့တချို့ ကို ဦးတည်နေတဲ့ မုန်တိုင်း တခုဝင်ရောက်မှာဖြစ်တဲ့ အကြောင်းနဲ့ မုန်တိုင်းကြိုတင်သတိပေးချက် အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံကိုချဉ်းကပ် ဝင်ရောက်လာမယ့် မုန်တိုင်းဟာ လိမ္မော်ရောင်အဆင်ရှိတဲ့အကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်၊ ပုသိမ်မြိုရဲ့ အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ သံတွဲမြို ရဲ့ အနောက် တောင်ဘက် (၄၃၅)မိုင်ခန့်နှင့် ကျောက်ဖြူမြို့ရဲ့အနောက်တောင်ဘက် မိုင်(၄၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ မုန်တိုင်းငယ်ဟာ မကြာခင် မှာပဲ ပိုမိုးအားကောင်းလာနိုင်တဲ့အတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမူဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားတာပါ။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ဦးထွန်းလွင်ကတော့ မုန်တိုင်းငယ်တခု ဝင်ရောက်နိုင်တဲ့ အခြေအနေတွေကို အခုလို ပြောဆိုသွားပါတယ်။

“အခုဟာက မုန်တိုင်းငယ်ဖြစ်နေတယ် သူ့ကိုတော့လောလောဆယ် 92 P လို့တော့ ကြေညာတယ်ပေါ့နော် သူက ၂၀၁၇ မှာ ပထမဦးဆုံးဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းပေါ့နော်။ မုန်တိုင်းအနေနဲ့ပါပဲ လေတိုက်နှုန်းကတော့ ၃၀-၃၅ မိုင်လောက်တော့ရှိတယ်၊ သိပ်တော့အားအကောင်းကြီးမဟုတ်သေးဘူး ဒါပေမယ့် ဒီညနဲ့ မနက်ဖြန်လောက်မှာတော့ အပူပေါင်းမုန်တိုင်းအဆင့်ကိုတော့ ရောက်လာမယ်။ လေတိုက်နှုန်း ၄၀- ၄၅ လောက်တိုက်မယ်ပေါ့နော်။ သွားမှာကတော့ အရှေ့မြောက်ဘက်ကိုပဲ ဦးတည်မယ် အဲဒီဘက်ကို ဦးတယ်သွားတဲ့အတွက် ရခိုင်ပြည်အလယ် သံတွဲ၊ ကျောက်ဖြူပေါ့နော် အဲဒီဘက်ကို သံတွဲ၊ ကျောက်ဖြူကြား ဒါမှမဟုတ်ရင် သံတွဲပေါ့ အဲဒီဘက်ကို မနက်ဖြန်ညကတည်းက ဝင်မှာပေါ့နော်။”

မုန်တိုင်းကြိုတင်သတိပေးချက် အရောင် သင်္ကေတအရောင် လိမ္မော်ရောင်အဆင့် ဆိုတာဟာမြန်မာနိုင်ငံ ဘက်ကိုချဉ်းကပ်ဝင်ရောက်လာမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။မုန်တိုင်းရဲ့နောက်ဆက်တွဲအဖြစ် စိုးရိမ်ရတဲ့ ဒေသတွေနဲ့ ပတ်သက်လို ပြည်သူတွေသတိထားသင့်တဲ့အချက်တွေကိုလည်း ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာကတော့ ဒီအတွက် သတိထားရမှာ ၂ ချက်ရှိတယ်။ ၁ ချက်က ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းရှိမှာပေါ့ ၊ လှိုင်းက ၁၂ -၁၅ ပေလောက် အထိရှိနိုင်တယ်။ အဲဒါကတော့ အန္တရာယ်ရှိတယ်။ နောက်တခါ ရခိုင်ကိုလွန်ပြီးတော့ မကွေးဘက်ဝင်သွားရင် မကွေးတောင်ပိုင်းမှာ မိုးရွာနိုင်တယ်၊ မိုးရွာရင် အဲဒီဘက်မှာ ဖြစ်တတ်တဲ့ အန္တရာယ်ကဘာလဲဆိုတော့ တောင်ကျချောင်းနဲ့ လျှပ်တပြတ် ရေကြီးတာပေါ့နော် Flash flood ပေါ့နော် အဲဒါကိုတော့ ဒေသခံ တွေသတိထားဖို့လိုတယ်၊ ကျနော်ထင်တာ ဒီလောက်ပါပဲ။”

မုန်တိုင်းငယ်ကြောင့် ဧပြီလ ၁၅ရက်နေ့ ကနေ ၁၇ရက်အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တွေမှာတော့ မိုးကြီးမူတွေ လေပြင်းတွေတိုက်မူတွေ ရှိမှာဖြစ်တဲ့အြကြာင်းနဲ့ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာတော့မိုးရွာနိုင်တယ်လို့လည်း မိုးဇလကပြောဆိုထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမှုတွေ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ ဟာ တစ်နာရီကိုမိုင် (၄၀)အထိ တိုက်ခတ်နိုင်ကြောင်းသတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG