သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဖောက်တဲ့ ခါးပတ်လမ်း မြန်မာအတွက် အကျိုးရှိနိုင်


တရုတ်ရဲ့ ပိုးလမ်းမကြီး ပြ မြေပုံ။
တရုတ်ရဲ့ ပိုးလမ်းမကြီး ပြ မြေပုံ။

တရုတ်ရဲ့ ပိုးလမ်းမကြီး ၂ သွယ်ကနေ ရထားလမ်း ကားလမ်းတွေနဲ့ ဆိပ်ကမ်းတွေတိုးချဲ့ပြီး အကောင်ထည်ဖေါ်မှာမို့ ဒါဟာ ကုန်သွယ်ရေးမှာရော ခရီးသွားလုပ်ငန်းမှာပါ မြန်မာနိုင်ငံ အတွက် အကျိုးကျေးဇူးတွေ ကြီးကြီးမားမား ရနိုင်တယ်လို့ ယူဆကြောင်း မြန်မာလုပ်ငန်းရှင် တချို့က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ၂၀၁၃ ခုနှစ်က အဆိုပြုခဲ့တဲ့ Silk Road Economic Belt လို့ခေါ်တဲ့ စီးပွါးရေးဆိုင်ရာပိုးလမ်းကြောင်း နဲ့ ၂၁ ရာစု Maritime Silk Road ရေကြောင်း ပိုးလမ်းမကြီး ၂ သွယ်အတွက် မြန်မာနိုင်ငံပါ ပါဝင်မှာ ဖြစ်ပြီး ဒါဟာ အာရှနဲ့ ဥရောပ၊ အာဖရိက ဒေသတွေနဲ့ အရင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံတွေကြား ကုန်သွယ်ရေး ကွန်ယက်တခု ဖြစ်လာမှာပါ။

မြန်မာနိုင်ငံဟာ သယံဇာတ ကြွယ်ဝပြီး ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်လည်း ပေါကြွယ်တာမို့ ဒီလမ်းတွေ ပေါက်သွားရင် ခရီးသွားနဲ့ ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာစီးပွါးရေး လုပ်ငန်းရှင်တွေရဲ့ ပြောကြားချက်ကို တရုတ်အစိုးရရဲ့ Xinhua သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အနောက်တောင်ဘက်က အိန္ဒိယ သမုဒ္ဒရာအထိ ပေါက်တဲ့ အချက်အချာ ကျတဲ့ နိုင်ငံဖြစ်နေပြီး ဒီလမ်းတွေကြောင့် BCIM အဖွဲ့ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ့်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ ၄ နိုင်ငံရဲ့ ကုန်သွယ်ရေးလွယ်ကူမြန်ဆန်စေမယ့် အပြင် တရုတ်အနေနဲ့ ဒီလမ်းမတွေကနေ အာဆီယံ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို မြန်မာနိုင်ငံကနေ ဖြတ်ပြီး လွယ်လွယ်ကူကူ ဆက်သွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်လို့ မြန်မာနိုင်ငံထဲက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခတွေ မချုပ်ငြိမ်းမချင်းတော့ ဒီကိစ္စကို အကောင်ထည် ဖေါ်နိုင်မှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG