သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားပြဿ နာ တရုတ် မဖြေရှင်းရင် ကန်ဖြေရှင်းမည်


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု (မတ်လ ၂၀၁၇)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု (မတ်လ ၂၀၁၇)

မြောက်ကိုရီးယား ပြဿ နာကို တရုတ်နိုင်ငံက မဖြေရှင်းဘူးဆိုရင် အမေရိကန် ပြည်ထောင်စုက ဖြေရှင်းသွားမယ်လို့ သမ္မတ Donald Trump က ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားအပေါ် သြဇာသက်ရောက်မှု ရှိကြောင်း၊ မြောက် ကိုရီးယား ပြဿ နာကို တရုတ်နိုင်ငံအနေနဲ့ ဖြေရှင်းကောင်း ဖြေရှင်းမယ်၊ တကယ်လို့ မဖြေရှင်းဘူး ဆိုရင်တော့ ဘယ်သူ့အတွက်မှ မကောင်းနိုင်ကြောင်း သမ္မတ Trump က London Financial Times သတင်းစာကို ပြောပါတယ်။

သမ္မတ Trump ဟာ တရုတ်သမ္မတ Xi Jinping နဲ့ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သူ့ရဲ့ Mar-a-Lago အပန်းဖြေစခန်းမှာ ကြာသပတေးနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နှစ်ရက်ကြမယ့် ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း မြောက်ကိုရီးယား နဲ့ န ျူ ကလီးယား အရေးကိစ္စတွေကို မဖြစ်မနေ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ မြောက် ကိုရီးယားနိုင်ငံက ကျောက်မီးသွေး တင်သွင်းမှုတွေကို မကြာသေးခင်က တရုတ်နိုင်ငံ က ဖြတ်တောက်လိုက်တာအပါအဝင် ခြိမ်းချောက်မှုတွေ၊ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး လုပ်ဆောင် မှုတွေကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။

မြောက်ကိုရီးယား ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြောက် ကိုရီးယားက ဂျပန်ပင်လယ်ပြင်အတွင်း ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွတ်လိုက်တဲ့ ကိစ္စဟာ သည်းမခံနိုင်စရာ ကိစ္စဖြစ်တယ်လို့ ဂျပန်အစိုးရကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG