သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား န ျူကလီးယားအရေး ဂျပန်နှင့် တောင်ကိုရီးယား သတင်းဖလှယ်မည်


မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဆိုင်ရာ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ အပြန်အလှန်ဖလှယ်ရေး သဘောတူညီချက်တရပ်ကို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအကြား ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ လုပ်ဆောင်မှုတွေကို ကန့်သတ် ထိန်းချုပ်တာမှာ ဒီသဘောတူူညီချက်က အထောက်အကူဖြစ်စေမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောပါတယ်။

နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေ တိုးလာနေတာကို ထိထိရောက်ရောက် ရင်ဆိုင်ဖို့ ဂျပန်ရဲ့ထောက်လှမ်းရေးစွမ်းရည်ကို အခုဆို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပြီဖြစ်တာကြောင့် မိမိတို့ရဲ့ လုံခြုံရေး ပိုကောင်းစေ ပါမယ်လို့ ဂျပန်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

အခုသဘောတူညီချက်အရ တောင်ကိုရီးယားနဲ့ ဂျပန်အကြား သတင်းအချက်အလက်တွေကို တိုက်ရိုက် ဖလှယ်နိုင်တော့မှာပါ။ ၂၀၁၄ ခုနှစ်က လက်မှတ် ရေးထိုးထားတဲ့ သဘောတူညီချက်တခုအရ သတင်းအချက်အလက်တွေကို အမေရိကန်ကတဆင့် ဖလှယ်နေကြရတာဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye နှုတ်ထွက်ပေးဖို့ တောင်းဆိုနေသူတွေ အပါအဝင် တောင်ကိုရီးယား တက်ကြွလှုပ်ရှား သူတွေနဲ့ နိုင်ငံရေးပါတီတွေကတော့ ဒီသဘောတူညီချက်အသစ်ကို ကန့်ကွက်ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ဒေသတွင်း မှာ အန္တရာယ်ကျပြီး မတည်မငြိမ်အခြေအနေ ဖြစ်စေမယ်ဆိုပြီးတော့ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်ကလည်း ကန့်ကွက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG