သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်မှု သည်းခံနိုင်စရာမရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော


ဂျပန်ဝန်ကြီးချုပ်
ဂျပန်ဝန်ကြီးချုပ်

မြောက်ကိုရီးယားက အမျိုးအမည်ခွဲခြားမရတဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တစင်း ဂျပန်ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ် ခဲ့တာဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

ဝန်ကြီးချုပ် Abe ဟာ အမေရိကန် သမ္မတ Donald Trump ရဲ့ ဖလော်ရီဒါက Mar-a-Lago အပမ်းဖြေအိမ်ယာမှာ အလည်အပတ် ရောက်နေ တုန်း စနေနေ့နှောင်းပိုင်းက သမ္မတ Trump နဲ့အတူ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာပါ။

မြောက်ကိုရီးယား အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ လိုက်နာရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Abe က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ Trump နဲ့ ဆွေးနွေးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ဂျပန်နိုင်ငံဘက်က အမြဲ တရာ ရာခိုင်နှုန်း ရပ်တည်မှာ ဖြစ်ကြောင်း သမ္မတက ထပ်လောင်း အတည်ပြုခဲ့သလို သူ့ရဲ့ သံဓိဌာန် ခိုင်မာမှုကို ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အတူရပ်တည် ပြသခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ Trump ကလည်း အမေရိကန်ပြည်ထောင်စုဟာ ဂျပန်ဘက်က ရပ်တည်မှာ ဖြစ်ကြောင်း အားလုံး သဘောပေါက်စေချင်သလို တကယ့် မဟာမိတ်နိုင်ငံအတွက် ၁၀၀ ရာနှုန်း ရပ်တည်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အခုလို မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ Trump အစိုးရအဖွဲ့ကို စိန်ခေါ်လိုက်တာလို့ အများက သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားက တနင်္ဂနွေနေ့ မနက်စောစောမှာ ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ပဲ့ထိမ်းတပ် ဒုံးကျည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ ဒီဒုံးကျည်ကို Kusong မြို့ အနောက်မြောက်ဖက်နား ကနေ ပစ်လွှတ်တာ ဖြစ်ပြီး ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တာ ဖြစ်သလို ဒါဟာ အမေရိက မြောက်ပိုင်းဒေသအတွက် ခြိမ်းခြောက်မှု အန္တရာယ် မရှိဘူးလို့ လည်း ပြောပါတယ်။

အခုလို ပစ်လွှတ်မှုအတွက် NATO အဖွဲ့ အတွင်းရေးမှုးချုပ် Jens Stoltenberg က အပစ်တင် ရှုံ့ချလိုက်ပြီး ဒါဟာ ကုသလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တားမြစ်ချက်ကို နောက်ထပ် ချိုးဖေါက်တာ ဖြစ်ကြောင်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG