သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု ကုလလုံခြုံရေးကောင်စီ စည်းဝေးမည်


ကုလ လုံခြုံရေးကောင်စီ
ကုလ လုံခြုံရေးကောင်စီ

မြောက်ကိုရီးယားက အခုနောက်ဆုံး ဒုံးကျည် ပစ်လွှတ်စမ်းသပ်တဲ့အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ အရေးပေါ် အစည်းအဝေးလုပ်ပြီး ဆွေးနွေးဖို့ရှိပါတယ်။

ဒီအစည်းအဝေးလုပ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးတို့က ပန်ကြားတာဖြစ်ပြီး ဒီကနေ့နေ့လည်ပိုင်းမှာလုပ်ဖို့ စီစဉ်ထားပါ တယ်။ မြောက်ကိုရီးယားက တနင်္ဂနွေနေ့မနက်ပိုင်းမှာ ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာဖြစ်ပြီး ကီလိုမီတာ ၅၀၀ လောက် ရောက် ပြီးတဲ့နောက် ဂျပန်ပင်လယ်ထဲကျသွားတယ်လို့ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနရဲ့အဆိုအားဖြင့် ကိုရီးယားပုံစံ မဟာဗျူဟာလက်နက်စနစ်သစ်လို့ခေါ်တဲ့ စမ်းသပ် မှုအပေါ် မြောက်ကိုရီးယားမှာ အောင်ပွဲခံကြပြီး ခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့လဲ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့ ဒီစမ်းသပ်မှုကို ဆန့်ကျင်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ပြောပါတယ်။ ရန်လိုတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ တရုတ်အနေနဲ့ သက်ဆိုင်ရာနိုင်ငံအားလုံးကို တိုက်တွန်းပြီး ဆွေးနွေးပြောဆိုတာက အဖြေတခု ရဖို့နည်းလမ်းဖြစ်တယ်လို့ ယုံကြည်ပါကြောင်း ပြောခွင့်ရကပြောပါတယ်။

ဒုံးကျည်ပစ်လွှတ်စမ်းသပ်တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဌာနကလဲ ဒီကနေ့ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ဟာ လုံး၀ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG