သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ကုလ လုံခြုံရေးကောင်စီတံခါးပိတ် စည်းဝေးမည်


မြောက်ကိုရီးယားက မကြာသေးခင်ကပဲ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ တံခါးပိတ်အစည်းအဝေး လုပ်ဖို့ရှိပါတယ်။

ထိပ်တိုက်ရင်ဆိုင်တွေ့တာမျိုးကို ရှောင်ကြဖို့ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို တရုတ်က တောင်းဆိုထား ချိန်မှာပဲ အခုလို လုံခြုံရေးကောင်စီအစည်းအဝေး လုပ်မှာပါ။

မြောက်ကိုရီးယားဘက်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အဆိုပြုထား ပါတယ်။

တဘက်ရဲ့ လုပ်ရပ်တခုချင်းစီကို နောက်တဘက်က ပြစ်တင်ဝေဖန်ထားပြီး ဘယ်ဘက်ကမှ လမ်းမပေးချင်ဘဲ ထိပ်တိုက် အရှိန်မြှင့် မောင်းနေကြတဲ့ ရထားတွေလိုဖြစ်နေတယ်လို့ ဝန်ကြီး Wang ကဆိုပါတယ်။

အင်္ဂါနေ့မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်တာကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပြီး ဒေသတွင်းမှာ လက်နက်အပြိုင်အဆိုင် တပ်ဆင်လာမယ့်အရေးကို သတိပေးထားပါတယ်။

ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ DPRK က လူထုမှာ ကြီးမားတဲ့လိုအပ်ချက်တွေ မပြည့်မစုံရှိနေချိန်မှာ အစိုးရက ပဲ့ထိန်း ဒုံးကျည်တွေ တပ်ဆင်ဖို့အတွက် အရင်းအမြစ်တွေကို လွှဲပြောင်းအသုံးပြုနေတယ်လို့လဲ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG