သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုအားကောင်းတဲ့ ဒုံးအင်ဂျင် မြောက်ကိုရီးယားစမ်းသပ်


မြောက်ကိုရီးယားနိုင်ငံက ပိုပြီးအားကြီးတဲ့ ဒုံးအင်ဂျင်သစ်တခုကို စမ်းသပ် လိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီ KCNA က တနင်္ဂနွေနေ့ က ပြောကြားလိုက်ပါတယ်။

ဒီစမ်းသပ်မှုကအောင်မြင်ပြီး၊ မြောက်ကိုရီးယားနိုင်ငံ ဒီကနေ့ရရှိလိုက်တဲ့ သမိုင်းဝင်အောင်မြင်မှု ရဲ့ အရေးပါမှုကို ကမ္ဘာကြီးအနေနဲ့ မကြာခင် မှာ တွေ့မြင်ရမှာဖြစ်တယ် လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောကြားလိုက်ပါတယ်။

ဒီစမ်းသပ်မှုက ဒုံးအင်ဂျင်ကို မြေကြီးမှာထားပြီး စမ်းသပ်တာဖြစ်ပြီး၊ ဒုံးကျည်ပစ်လွှတ်တာတော့ မဟုတ်ပါဘူး။ ဒီစမ်းသပ်မှုကို တရုတ်နိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်တဲ့ မြောက်ကိုရီးယားနိုင်ငံ နယ်စပ်က Tongchang-ri ဒုံးကျည်ပစ်လွှတ်တဲ့ စခန်းမှာလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ KCNA သတင်းအေဂျင်စီ က ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim ဟာ အဲဒီစခန်းကို မနက်လင်းအားကြီး အချိန်မှာ ရောက်လာခဲ့တာဖြစ်ပြီး၊ စမ်းသပ်မှုကိုလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ၂၀၁၆ ဖေဖော်ဝါရီလတုန်းက သူတို့ကို တားမြစ်ထားတဲ့ တိုက်ချင်းပစ်ဒုံးလက်နက်နည်းပညာကို အသုံးပြုပြီး အာကာသထဲကို ဂြိုဟ်တု တစင်း အဲဒီဒေသကနေ လွှတ်တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG