သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရွေးကောက်ပွဲ နိုင်အောင် ရုရှားကူဟု CIA ပြော


အမေရိကန်သမ္မတ အိုဘားမား
အမေရိကန်သမ္မတ အိုဘားမား

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကြားဝင်နှောင့်ယှက်ဖို့ ရည်ရွယ်တဲ့ အင်တာနက် ထိုးဖောက် ဝင်ရောက်မှုနဲ့ဆိုင်တဲ့ လုပ်ရပ် အားလုံးကို အပြည့်အ၀ ပြန် ပြီးစိစစ်ဖို့သမ္မတ အိုဘားမားက ထောက်လှမ်းရေးဌာနကို သောကြာနေ့က ညွှန်ကြား လိုက်ပါတယ်။ အိုဘားမားရဲ့ ကြေငြာချက်အပြီးမှာ အမေရိကန် ထိပ်တန်းသတင်း စာကြီး ၂ စောင်ဖြစ်တဲ့ The New York Times နဲ့ The Washington Post တို့က Donald Trump ရွေးကောက်ပွဲ အနိုင်ရအောင် ရုရှားနိုင်ငံက ကြားဝင်ဆောင်ရွက် ခဲ့တယ် ဆိုပြီးဖော်ပြ ကြပါတယ်။ ရုရှားအင်တာနက် ထိုးဖောက် ဝင်ရောက်သူတွေ က ရီပတ်ဘလစ်ကန် ပါတီကော်မတီ RNC ကိုရော ဒီမိုကရက်တစ် ပါတီကော်မတီ DNC ရဲ့ ကွန်ပျူတာတွေကိုပါ ခိုးဝင်ခဲ့ပေမယ့် DNC ကို ဖျက်လိုဖျက်ဆီး ဖြစ်စေမယ့် အီးမေးလ်တွေကိုပဲ ထုတ်ပြန်ခဲ့တယ်လို့ The New York Times ကပြော ထားပါ တယ်။ သမ္မတရွေးကောက်ပွဲ နီးကပ်လာချိန်မှာ DNC ရဲ့အီးမေးလ်တွေ ပေါက်ကြား ခဲ့တာပါ။

ဒီမိုကရက်တို့ရဲ့ အထောက်အထားတွေကို ရုရှားတို့က Wikileaks ကိုပေးခဲ့တယ် လို့ ထောက်လှမ်းရေးတွေက ကောက်ချက်ဆွဲ ခဲ့တယ် လို့လည်း The Times ကပြော ပါတယ်။ DNC ကိုရော RNC ကိုပါ ရုရှားတို့က အင်တာနက်ကနေ ထိုးဖောက် ဝင်ရောက်ခဲ့ပေမယ့် RNC ရဲ့ သတင်း အချက်အလက်တွေ ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိဘူးဆိုတာ အခိုင်အမာ ယုံကြည်တယ်လို့ နာမည်ထုတ်ပြော မထားတဲ့ အစိုးရ ထိပ်တန်း အရာရှိတဦးက The Times ကိုပြောပါတယ်။

ရုရှားနိုင်ငံက အင်တာနက်ထိုးဖောက်ဝင်ရောက်တဲ့ ဟက်ကာတွေကို အမေရိကန် ေ ထာက်လှမ်းရေးက သိရှိထားပြီဖြစ်ပေမယ့် တဦးကိုမှ အရေးယူ အပြစ်ပေးတာတော့ မရှိသေးဘူးလို့ The Times သတင်းစာက ဖော်ပြပါတယ်။ Donald Trump ရွေးေ ကာက်ပွဲ အနိုင်ရအောင် ရုရှားတို့ ကြားဝင်နှောင့်ယှက် ခဲ့တယ် ဆိုတာကို CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက ယုံကြည် လက်ခံထားတယ်လို့ The Washington Post ကပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော် အမတ်တွေကပါ တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG