သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ နှစ်သစ်ကူးနေ့ တိုက်ခိုက်သူကို ဖော်ထုတ်နိုင်ဖို့ကြိုးစား


နှစ်သစ်ကူးနေ့တိုက်ခိုက်သူကို ဖော်ထုတ်နိုင်ဖို့ တူရကီကြိုးစား
နှစ်သစ်ကူးနေ့တိုက်ခိုက်သူကို ဖော်ထုတ်နိုင်ဖို့ တူရကီကြိုးစား

တူရကီနိုင်ငံ၊ Istanbul မြို့မှာ နှစ်သစ်ကူးညက အကြမ်းဖက်တိုက်ခိုက်မှုအတွက် အလိုရှိနေတဲ့ သေနတ်သမား ဘယ်သူဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ နီးစပ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ နှစ်သစ်ကူးည တိုက်ခိုက်မှုကြောင့် အနဲဆုံး လူ ၃၉ ဦး သေဆုံးခဲ့တာမှာ နိုင်ငံခြားသား အများအပြားလည်း ပါဝင်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။

သေနတ်သမားရဲ့ လက်ဗွေရာနဲ့ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ရရှိထားပြီးဖြစ်တယ်လို့ တူရကီ လက်ထောက်ဝန်ကြီးချုပ် Numan Kurtulmus က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ လုံခြုံရေး ကင်မရာကတဆင့် ရိုက်ကူးထားတဲ့ ဝိုးတဝါး သေနတ်သမားရဲ့ ပုံကိုလည်း တူရကီနိုင်ငံတဝှမ်းက သတင်းမီဒီယာတွေကို ဖြန့်ချိထားပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေသူ ၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်းလက်ထောက်ဝန်ကြီးချုပ် Kurtulmus က အတည်ပြု ပြောဆိုပါတယ်။

တနင်္ဂနွေနေ့ညက Reina Nighclub အပြင်မှာ စောင့်နေတဲ့ ရဲအရာရှိနဲ့ အရပ်သား တဦးတို့ကို သေနတ်နဲ့ ပစ်သတ်ပြီးမှ အထဲကို သေနတ်သမားက ဝင်ပစ်တာ ဖြစ်ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့အချိန်က ကလပ်ထဲမှာ လူပေါင်း ၆၀၀ လောက် ရှိနေပြီး အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်သမားတွေကို လူမှုကွန်ယက်တွေမှာ ချီးကျူး ပြောဆိုသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ တူရကီ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာပဲ လူ ၃၉ ဦး သေဆုံးခဲ့ရတဲ့ နှစ်သစ်ကူး အကြိုည အကြမ်းဖက် တိုက်ခိုက်မှုအတွက် သမ္မတ Recep Tayyip Erdogan နဲ့ သူ့အစိုးရမှာ တစိတ်တပိုင်း တာဝန်ရှိကြောင်း သမ္မတကို ဝေဖန်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG