သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Istanbul အကြမ်းဖက် တိုက်ခိုက်မှု ၃၉ ဦးသေ


New Year ည တူရကီနိုင်ငံ အစ္စတန်ဘူးမြို့တော်က တိုက်ခိုက်ခံရသည့်နေရာ လုံခြံရေးရဲများနေရာယူ
New Year ည တူရကီနိုင်ငံ အစ္စတန်ဘူးမြို့တော်က တိုက်ခိုက်ခံရသည့်နေရာ လုံခြံရေးရဲများနေရာယူ

တူရကီ နိုင်ငံ Istanbulမြို့တော်က နှစ်သစ်ကူးည ဆင်နွှဲသူတွေနဲ့ ပြည့်နေတဲ့ Night Club တခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်း တိုက်ခိုက်ခံရပြီး ၃၉ ဦး သေဆုံးတယ်လို့ ပြည်ထဲရေး ဝန်ကြီး Suleyman Soylu က ပြောပါတယ်။ သေနတ်သမားကိုတော့ အာဏာပိုင်တွေ ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၆ ဦး၊ တူရကီနိုင်ငံသား ၅ ဦး ပါဝင်ပြီး နောက်ထပ် သေဆုံးသူ ၁၈ ဦးကိုတော့ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို မစစ်ဆေးရသေးတဲ့ အကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် တဦးလည်း သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူ ၆၉ ဦး ဆေးရုံတင်ထားရတာမှာ ၄ ဦးက ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦးကတော အတော်လေး စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ သေနတ်သမား တဦးတည်း တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးနဲ့ အစ္စတန်ဘူလ်း အုပ်ချုပ်ရေးမှူးတို့က ပြောပါတယ်။

တိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးသလို ဘယ်အဖွဲ့ကမှ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။ သေနတ်သမား ဘယ်မှာ ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း ပြည်ထဲရေး ဝန်ကြီး Soylu က ပြောပါတယ်။

Istanbul က Night Club ကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားက တူရကီ နိုင်ငံတွင်း မငြိမ်မသက် အခြေအနေကို ဖန်တီးချင်နေတာ ဖြစ်တယ်၊ ဒါပေမယ့် သူ မအောင်မြင်ဘူးလို့ တူရကီ သမ္မတက ပြောဆိုပါတယ်။

Istanbul မြို့ လူကုန်ထံ ရပ်ကွက် Ortakoy အရပ်က တိုက်ခိုက်ခံရတဲ့ Reina Club ဟာဆိုရင် ထင်ရှား ကျော်ကြားသူတွေနဲ့ နိုင်ငံခြားသားတွေကြား ရေပန်စားတဲ့ Club ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG