သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ၇၀ ခန့် တူရကီခြေမှုန်း


ဒီဇင်ဘာ ၂၃ရက်က IS တို့လက်ချက်နဲ့ သေဆုံးသွားတဲ့ တူရကီစစ်သားအတွက် ပူဆွေးဝမ်းနည်းသူများ
ဒီဇင်ဘာ ၂၃ရက်က IS တို့လက်ချက်နဲ့ သေဆုံးသွားတဲ့ တူရကီစစ်သားအတွက် ပူဆွေးဝမ်းနည်းသူများ

ဆီးရီးယား နိုင်ငံက al-Bab မြို့ကလေးမှာ အစွန်းရောက်တွေနဲ့ တူရကီတပ်တွေက အကူညီပေးနေတဲ့ သူပုန်တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးနေချိန်မှာပဲ Aleppo အရှေ့မြောက်ဖက် ကီလိုမီတာ ၂၀ အကွာမှာ တူရကီစစ်လေယာဉ်တွေနဲ့ တိုက်ခိုက် မှုကနေ အိုင်အက်စ် စစ်သွေးကြွ ၆၈ ဦး သေဆုံးခဲ့တယ်လို့ တူရကီက စနေနေ့ မှာ ပြောပါတယ်။

သောကြာနေ့ ည တိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်က စပြီးEuphrates Shield လို့ခေါ်တဲ့ တူရကီ ဦးဆောင်တဲ့စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် ညတွင်းချင်း လေကြောင်း တိုက်ခိုက် မှုတွေကြောင့် အိုင်အက်စ်တွေရဲ့ စစ်ဌာနချုပ်တွေ အပါအဝင် ပစ်မှတ်ေ ပါင်း ၁၄၁ ခုကို ဖျက်ဆီးနိုင်ခဲ့ တယ်လို့ တူရကီစစ်တပ် ပြောခွင့်ရက ပြောပါတယ်။

တူရကီစစ်တပ်က ဆီးရီးယား အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ FSA ဆီးရီးယား လွတ်မြောက်ရေးတပ် ကို ပံ့ပိုးပေးနေတာ ဖြစ်ပြီး ဒီသူပုန် အဖွဲ့က အိုင်အက်စ်တွေ ထိမ်းချုပ်ထားတဲ့ al-Bab ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာ သီတင်းပါတ် အတော် ကြာနေပြီ ဖြစ်ပါတယ်။ တူရကီဟာ အိုင်အက်စ်တွေနဲ့ Kurds တိုက်ခိုက်ရေး သမားတွေကို သူ့နိုင်ငံထဲက ဆီးရီးယားနယ်စပ်နား မနေနိုင်အောင် တိုက်ထုတ်တဲ့ စစ်ဆင်ရေး လုပ်နေတာ ၄ လလောက် ရှိနေပြီဖြစ်ပါတယ်။

ဒီသီတင်းပါတ်ထဲမှာပဲ al-Bab အနီးတဝိုက် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ တာမို့ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် ဂျီဟတ် စစ်သွေးကြွ ၁၄၀ လောက် သေ ဆုံးအောင် တိုက်နိုင်ခဲ့တယ်လို့ တူရကီစစ်တပ်က ပြောပါတယ်။ တူရကီတောင်ပိုင်း Gaziantep မြို့မှာ သြဂုတ်လ ၂၀ တုန်းက လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးခွဲမှုကို အိုင်အက်စ်နဲ့ ဆက်နွယ်သူတွေက လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း ဆီးရီးယားမှာ ပါဝင်တိုက်ခိုက်ဖို့ သြဂုတ်လကုန်လောက်မှာ တူရကီက လုပ်ဆောင်ခဲ့ တာဖြစ်ပြီး ဒီဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုဟာ တကြိမ်ထဲနဲ့ လူအသေပျောက် အများဆုံး ဖြစ်တယ်လို့ အကဲခတ်တွေကပြောပါတယ်။

တူရကီကာကွယ်ရေးဝန်ကြီး Fik-ri Isik ကလည်း al-Bab ဝန်းကျင် စတုရန်းကီလို ၂ ထောင်လောက်မှာ အိုင်အက်စ်တွေ မရှိတော့သလို စစ်ဆင်ရေး စချိန်ကစပြီး အစွန်းရောက် တထောင်ကျော် ကို သုတ်သက်နိုင်ခဲ့တယ်လို့ ကြာသပတေးနေ့ လွှတ်တော်မှာ ပြောပါတယ်။

IS ၇၀ ခန့် တူရကီခြေမှုန်း
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG