သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ကားမီးရှို့တိုက်ခိုက်မှု ကယ်ဆယ်ရေးတွေ ထိခိုက်နိုင်


 ကယ်ဆယ်ရေးဘတ်စ်ကားတွေကို အကြမ်းဖက်အဖွဲ့တွေက မီးရှို့
ကယ်ဆယ်ရေးဘတ်စ်ကားတွေကို အကြမ်းဖက်အဖွဲ့တွေက မီးရှို့

ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ အရပ်သားတွေအတွက် ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ဆိုတဲ့ သဘောတူညီချက်အတိုင်း ချောချောမွေ့မွေ့ ဖြစ်မလာအောင် အဲလ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ကို ထောက်ခံတဲ့သူပုန်တွေက လုပ်ဆောင်ခဲ့ပြီး ဒါဟာ အဆင်အခြင်မဲ့တဲ့ ဂျီဟတ်တွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Jan Egeland က တနင်္ဂနွေနေ့က အပြင်းအထန် ဝေဖန် ပြောကြားလိုက်ပါတယ်။

အဲလက်ပိုမြို့အနီးအနားက Foua နဲ့ Kefraya မြို့လေးနှစ်မြို့မှာရှိတဲ့ ရှီယာ အရပ်သားတွေကို ဘေးလွတ်ရာကို ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ ဘတ်စ်ကားတွေကို မနေ့မနက်အစောပိုင်းမှာ အဆင်ခြင်မဲ့တဲ့ လက်နက်ကိုင်တွေက မီးရှို့ဖျက်ဆီး ခဲ့တာဖြစ်ပြီး ဒါဟာ ကယ်ဆယ်လုပ်ငန်းတွေကို အန္တရာယ်ရှိလာစေ တယ်လို့လည်း Egeland ကပြောပါတယ်။

အဲဒီရှီရာ မြို့နှစ်မြို့ကို သူပုန်တွေက လနဲ့ချီပြီး ဝိုင်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပြီး အရပ်သားတွေကို ဘေးလွတ်ရာကိုပို့ဆောင်ဖို့ အဲဒီမြို့တွေကို ဦးတည်သွားနေတဲ့ ဘတ်စ်ကားတွေကို တနင်္ဂနွေနေ့က မီးရှို့ အတိုက်ခိုက် ခံခဲ့ရတာဖြစ်တယ်လို့ ဆီးရီးယားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာရော၊ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Idlib ခရိုင် အနောက်မြောက်မှာရှိနေတဲ့ အဲဒီ ရှီယာ မြို့နှစ်မြို့က ဒဏ်ရာရသူတွေ၊ နေထိုင်မကောင်းဖြစ်နေသူ ၂ ထောင်ကျော်ကို ဘတ်စ်ကားတွေက ဘေးလွတ်ရာကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာလည်း အဲလက်ပို အရှေ့ပိုင်းက အရပ်သားတွေ ဘေးလွတ်ရာပို့ဆောင်ဖို့ သဘောတူညီချက်တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ အဲဒီဒေသမှာလည်း ခန့်မှန်းချေ အရပ်သား ၄၀၀၀၀ နဲ့ သူပုန်တိုက်ခိုက်ရေးသမားတွေဟာ သောကြာနေ့ကတည်းက ပိတ်မိနေခဲ့တာပါ။

အခုလို ဘတ်စ်ကားမီးရှို့မှုအတွက် နောက်ကွယ်က လုပ်ဆောင်နေသူဟာ Nusra တပ်ဦးလို့ သိကြတဲ့ သူပုန်အဖွဲ့ ဖြစ်တယ်လို့ လန်ဒန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG