သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးယာဉ်တွေ Aleppo မြို့ထဲ ဝင်ရောက်


ကယ်ဆယ်ရေးယာဉ်တွေ Aleppo မြို့ထဲ ဝင်ရောက်
ကယ်ဆယ်ရေးယာဉ်တွေ Aleppo မြို့ထဲ ဝင်ရောက်

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့တွင်းက ကျန်ရှိနေသေးတဲ့ အရပ်သားတွေနဲ့ သူပုန်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ အတွက် လခြမ်းနီအသင်းနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းတို့ရဲ့ ကြီးကြပ်မှုနဲ့ ခရီးသည်တင် ကားတွေ အလက်ပိုမြို့တွင်းကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်ဝင်ရောက်သွားလာနေပြီလို့ ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန SANA ပြောပါတယ်။

စစ်ကြောင့် ပျက်စီးနေတဲ့ အလက်ပိုမြို့တွင်းမှာ ပိတ်မိနေပြီး ကူကယ်ရာမဲ့ ဖြစ်နေတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားနဲ့ သူပုန်တွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမယ့် အစီအစဉ်တွေ ပြန်စမယ့် အချိန်ကို မျှော်နေကြတာပါ။ နိုင်ငံတကာ ကြက်ခြေနီအသင်း အနေနဲ့တော့ အလက်ပိုအရှေ့ပိုင်းက ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေး ပြန်လည်စတင်ဖို့ အတွက် အဆင့်သင့်ရှိနေပြီး ဒီမနက်ခင်းမှာ ပြန်စနိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း ပြောခွင့်ရ Elodie Schindler က ပြောဆိုထားတာကြောင့်လည်း မြို့ကနေ ထွက်ခွာနိုင်ဖို့ အတွက် မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

စစ်ကြောင့် ပျက်စီးနေတဲ့ အလက်ပိုမြို့တွင်းက ကျန်ရှိနေသေးတဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့နဲ့ အကာအကွယ်ပေးဖို့ အတွက် စောင့်ကြည့်သူတွေ စေလွှတ်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မဲခွဲမယ်လို့လည်း ခန့်မှန်းရပါတယ်။ လက်ပိုမြို့တွင်းနဲ့ မြို့အနီးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး မြို့တွင်းမှာ ရှိနေတဲ့ ထောင်သောင်းချီတဲ့ လူတွေကို ကယ်ထုတ်ဖို့ လိုအပ်ချက်တွေကို ဖော်ပြထားတဲ့ ပြင်သစ်နိုင်ငံရဲ့ အဆိုပြုချက် မူကြမ်းကို ကုလ လုံခြုံရေး ကောင်စီက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကုလ လုံခြုံရေး ကောင်စီက ဒီနှစ် အတွင်းမှာ ဆီးရီးယား နိုင်ငံတွင်း အပစ်ရပ်ရေး အဆိုပြုချက် ဒါဇင်ဝက်လောက်ကို မဲခွဲဆုံးဖြတ်ခဲ့သလိုဘဲ ဒီကနေ့ တနင်္ဂနွေနေ့ မဲခွဲဆုံးဖြတ်မှုမှာလည်း ဆီးရီးယား အစိုးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံက အရင် အဆိုပြုချက်တွေ အတိုင်း ဗီတိုအာဏာသုံး ပယ်ချမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ အလက်ပိုမြို့တွင်းမှာ အရပ်သားနဲ့ သူပုန် တိုက်ခိုက်ရေး သမား ၄ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ရှိနေသေးတယ်လို့ စောင့်ကြည့်သူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG