သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ် အမြန်ရပ်ဖို့ ကုလသတိပေး


သူပုန်ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ကနေ ရွှေ့ပြောင်းဖို့ ပြင်နေတဲ့ ဒေသခံများ
သူပုန်ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ကနေ ရွှေ့ပြောင်းဖို့ ပြင်နေတဲ့ ဒေသခံများ

ဆီးရီးုယားက စစ်ပွဲတွေ အမြန်မရပ်စဲဘူးဆိုရင် အလက်ပိုမှာ ဖြစ်နေတဲ့စစ်က အခြားဒေသတွေအထိ ပျံ့သွားလိမ့်မယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ ကော် မရှင်နာမင်းကြီး Filippo Grandi က စနေနေ့မှာ သတိပေးလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံအရှေ့ခြမ်း အလက်ပိုမြို့မှာ ပိတ်မိနေတဲ့အရပ်သားတွေ ဘေးလွတ် ရာကို ရွှေ့ပြောင်းပေးမယ့်အစီအစဉ်တွေပြန်စဖို့ စနေနေ့က သဘောတူညီမှု ရခဲ့ပြီး နာရီအတော်ကြာလာတဲ့အထိ အစီစဉ်တွေ မစတင်နိုင်သေးပါဘူး။

အစိုးရတပ်တွေက သူပုန်တွေထိန်းချုပ်ထားတဲ့ Foua နဲ့ Kfarya ရွာ ၂ ရွာက လူတွေ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့ရာကနေ သောကြာနေ့မှာ အလက်ပိုက အရပ်သားတွေ ရွှေ့ပြောင်းနေတဲ့လုပ်ငန်းစဉ် ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ သေ ဘာ တူညီချက်အရ အဲဒီရွာ၂ရွာက ဒေသခံတွေကို စနေနေ့မှာ စတင်ပြောင်းရွှေ့ပေး ရမှာဖြစ်ပြီး ခုထိတော့ မစနိုင်သေးပါဘူး။

ဒီရွာ၂ရွာက ရွာသူရွာသား ၄-ထောင်လောက်ကို ဘေးလွတ်ရာ စတင်ရွှေ့ပြောင်းဖို့ စနေနေ့မှာ ဘတ်စ်ကား ၂၉စီးနဲ့ အဲဒီရွာတွေဆီ သွားရောက် ကယ်တင် နိုင်မယ်လို့မျှော်လင့်ကြောင်းဗြိတိန်အခြေစိုက် ဆီးယားလူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ပြော ပါတယ်။

အလက်ပိုက သူပုန်တွေကို ခုလို ထွက်ခွာခွင့်ပေးလိုက်တာကနေ ဆီးရီးယားရဲ့ အခြားသော ဒေသတွေမှာပါ အပစ်ရပ် သဘောတူညီမှု အသစ်တွေ ရလာနိုင် လိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်ကြောင်း ရုရှားသတင်းတွေက စနေနေ့မှာ ရေးသားဖေါ်ပြပါတယ်။

အလက်ပိုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါနေတဲ့ တူရကီကတော့ ဘေးလွတ် ရာရွှေ့ပြောင်းမှုတွေ ရပ်ဆိုင်းနေတာဟာ ယာယီသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ၆ နှစ်လောက် ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူ ၃သိန်း ၁ေ သာင်းလောက် သေဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG