သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားရှေးဟောင်းမြို့တော် Palmyra ကို IS က ပြန်လည်သိမ်းယူ


ဆီးရီးယား နိုင်ငံက ရှေးဟောင်း မြို့တော် Palmyra မြို့ကို အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ ဆီးရီးယား အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေပေမယ့်လည်း ဆီးရီးယား စစ်တပ်တွေ မြို့တောင်ပိုင်းကနေ ဆုတ်ခွာသွားပြီးနောက် အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က တမြို့လုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က Rami Abdel Rahman က ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ မြို့ထဲက အစ္စလာမ္မစ် အစွန်းရောက် IS တွေကို ရုရှားတို့က လေကြောင်းကနေ အကြိမ် ၆၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက တို့က ပြောဆိုပါတယ်။ Palmyra မြို့တွင်းကို ဝင်ရောက်ဖို့ အစွန်းရောက် အဖွဲ့က တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး မကြာခင်မှာဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ပြင်မှာ ဆက်ပြီး တိုက်ခိုက်နေကြတယ်လို့လည်း စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ကုလ သမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် Palmyra မြို့တွင်းက စစ်သွေးကြွတွေရဲ့ စခန်းတွေ၊ ယာဉ်တန်းတွေနဲ့ သိမ်းပိုက်ထားရာ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ၆၄ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပါတယ်။

Palmyra မြို့တွင်းက အကြမ်းဖက်သမားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရတပ်တွေက တညလုံး အထောက်အကူ ပေးခဲ့တယ်လို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ၃၀၀ ကို သုတ်သင်ခဲ့ပြီး တင့်ကား ၁၁ စင်းနဲ့ ကား ၃၁ စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG