သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား Aleppo မြို့သိမ်းအောင်ပွဲခံ


ဆီးရီယား Aleppo မြို့သိမ်းအောင်ပွဲခံ
ဆီးရီယား Aleppo မြို့သိမ်းအောင်ပွဲခံ

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ သူပုန်တွေကို ဆီးရီးယား စစ်တပ်က အောင်ပွဲတွေ ရရှိချိန်မှာဘဲ ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆဒ်က ၅ နှစ်တာ ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်သွားတဲ့ အထိ ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံပိုင် သတင်းစာ al-Watan နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ အာဆဒ်က အခုလို ပြောဆိုထားတာကို ဒီကနေ့ ကြာသပတေးနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ် ကတည်းက သူပုန်တို့ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ရဲ့ သုံးပုံ နှစ်ပုံကို ရုရှားတို့ အထောက်အပံ့ပေးထားတဲ့ ဆီးရီးယား တပ်တွေက ပြန်ပြီး သိမ်းပိုက်ခဲ့ပြီး နောက်တနေ့မှာ သမ္မတ အာဆဒ်က ပြောဆိုခဲ့တာပါ။ အလက်ပိုမြို့မှာ အောင်ပွဲရရှိခဲ့တာဟာ စစ်ပွဲကို အဆုံးသတ်နိုင်ပြီဆိုတဲ့ သဘောမသက်ရောက်ပေမယ့် စစ်ပွဲ အဆုံးသတ်ဆီကို ဦးတည်လိုက်တဲ့ ကြီးမားတဲ့ အဆင့်တခု ဖြစ်တယ်လို့လည်း သမ္မတ အာဆဒ်က ပြောပါတယ်။

အလက်ပိုမြို့တွင်းမှာ သူပန်တွေ ရှိနေသမျှ အပစ်အခတ် ရပ်စဲရေး စဉ်းစားဖို့ကိုလည်း ဆီးရီးယား သမ္မတက ငြင်းပါတယ်။ အလက်ပိုမြို့တွင်းက အရပ်သားတွေကို လူသားချင်းစာနာထောက်ညှာမှုနဲ့ ရွှေ့ပြောင်းပေးနိုင်ရေး အတွက် ၅ ရက်တာ အပစ်အခတ် ရပ်စဲဖို့ သူပုန်တို့က ကမ်းလှမ်းထားပြီး ဒီအခြေအနေ အပြီးမှာ အလက်ပိုမြို့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ကိုလည်း ကတိပြုထားပါတယ်။ အလက်ပိုမြို့တွင်းက အရေးပေါ် ဆေးကုပေးဖို့ လိုအပ်နေတဲ့ အရပ်သား ၁၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီလို့ နိုင်ငံတကာ ကြက်ခြေနီ အသင်းက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုပေမယ့် အများအပြားကိုတော့ မကယ်ထုတ်နိုင်ဘူးလို့လည်း ပြောဆိုပါတယ်။

ဆီးရီယား Aleppo မြို့သိမ်းအောင်ပွဲခံ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG