သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရောက် အမေရိကန် Peace Corps ဒုတိယအသုတ်


မြန်မာနိုင်ငံရောက် အမေရိကန် Peace Corps ဒုတိယအသုတ် (Peace Corps Myanmar)
မြန်မာနိုင်ငံရောက် အမေရိကန် Peace Corps ဒုတိယအသုတ် (Peace Corps Myanmar)

မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ လုပ်အားပေးဖို့ အမေရိကန် Peace Corps အဖွဲ့က ဒုတိယအသုတ်အဖြစ် စေတနာ့ဝန်ထမ်း ၁၅ ဦး စတင်တာဝန် ထမ်းဆောင်တော့ မှာဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာဘာသာစကား၊ ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည် အပါအဝင် အခြေခံလိုအပ်ချက်တွေ ကို သီတင်း ၁၀ ပတ်ကြာ မြန်မာနိုင်ငံမှာ လေ့လာသင်ယူခဲ့ကြတဲ့ အမေရိကန် စေတနာ့ဝန်ထမ်းတွေဟာ သောကြာနေ့ကျရင် ရန်ကုန်မြို့မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခန်းအနားနဲ့ စတင်တာဝန်ယူမှာဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်တွေဟာ ကိုယ်တိုင်သွားရောက်လေ့လာ နေထိုင်ခဲ့ကြတဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်သာသာ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး စေတမာန် Peace Corps အဖွဲ့ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ၂၀၁၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍကမှာ စတင်ကူညီလာခဲ့တာပါ။ အမေရိကန်သမ္မတ John F Kennedy လက်ထက်၊ ၁၉၆၁ ခုနှစ်မှာ သမ္မတအမိန့်နဲ့ စတင် ထူထောင်ခဲ့တဲ့ Peace Corps အဖွဲ့ဟာ လတ်တလောမှာ စေတနာ့ဝန်ထမ်း ၇ ကျော်နဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ ချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေမှာ အကူအညီပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG