သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက် သူပုန်ေတွေ နှိမ်နင်းဖို့ Duterte စစ်မိန့် ထုတ်ပြန်


ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က Martial Law ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြား။ မေလ ၂၄ ရက် ၂၀၁၇။
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က Martial Law ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြား။ မေလ ၂၄ ရက် ၂၀၁၇။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ နိုင်ငံတောင်ပိုင်းက မူဆလင် အကြမ်းဖက်မှု တွေကို ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က အရှိန်မြှင့် လုပ်ဆောင်ခဲ့ပေမယ့် ထိပ်တန်း အကြမ်းဖက် အဖွဲ့ ၂ ခုတို့ဟာ IS ထောက်ခံတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းနေကြတယ်လို့ သံသယရှိစရာ ဖြစ်နေပါတယ်။

အင်္ဂါနေ့ ကတော့ သမ္မတ Duterte ဟာလူဦးရေ ၂၁ သန်းရှိတဲ့ Mindanao ကျွန်းနဲ့ ပတ်ဝန်းကျင်က ကျွန်းငယ်တွေမှာ Martial Law ကြေညာ ခိုင်းလိုက်ပါတယ်။ Marawi မြို့ကို Maute အုပ်စုက စစ်သွေးကြွတွေ ဝင်စီးပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ Martial Law ကြေညာခိုင်းလိုက်တာ ဖြစ်ပါတယ်။

စစ်သွေးကြွတို့ စီးနင်းမှုကြောင့် အနည်းဆုံး စစ်သား ၂ ဦး၊ ရဲ ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ IS သစ္စာခံ Abu Sayyaf စစ်သွေးကြွအုပ်စု ခေါင်းဆောင် Isnilon Hapilon ကို စစ်တပ်က လိုက်လံ ရှာဖွေစဉ် တိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပြီး သောင်းကျန်းသူတွေဟာ ခရစ်ယာန် ဘုရားကျောင်းတခု အပါအဝင် အဆောက်အအုံ အများအပြားကို မီးရှို့ ပြီး ဒေသခံ ကက်သလစ် ဘုန်းတော်ကြီး တပါးနဲ့ လူအများအပြားကို ဓားစာခံ အဖြစ် ဖမ်းဆီး ထားခဲ့ကြပါတယ်။

ဓားစာခံတွေထဲမှာ ဘုရားဝတ်ပြုသူ ၁၀ ဦးနဲ့ ဘုရားကျောင်း ဝန်ထမ်း ၃ ဦး ပါဝင်ပြီး အစိုးရတပ်တွေ ဒီဒေသက ဆုတ်ခွာဖို့ စစ်သွေးကြွတွေက တောင်းဆိုကြတယ်လို့ ဂိုဏ်းချုပ် ဘုန်တော်ကြီး Socrates Villegas က ဆိုပါတယ်။ Abu Sayyif အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ် က IS တို့ရဲ့အရေးပေးမှု ရအောင် အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ လေ့လာသူ ပညာရှင်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG