သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ


သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ
သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ

အမေရိကန် ခေါင်းဆောင် အဖြစ်နဲ့ အစ္စရေးလ် နိုင်ငံကို ပထမဆုံး ရောက်ရှိစဉ်မှာဘဲ သမ္မတ Trump က အီရန်ရဲ့ ရန်လိုမှုနဲ့ စစ်ရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုသွားပါတယ်။

အစ္စလာမ္မစ် အစွန်းရောက် ISIS တွေနဲ့ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုပြီး ရံပုံငွေ ထောက်ပံ့နေတဲ့ အီရန်လို နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေ၊ နောက် အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးနေတာတွေက အစ္စရေးလ်နဲ့ အမေရိကန် နှစ်နိုင်ငံ စလုံးမှာသာ မကဘဲ ကမ္ဘာတလွှား ရင်ဆိုင်နေရတာဖြစ်လို့ ကျနော်တို့ အနေနဲ့ ပိုပြီး ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ရတော့မယ့် အချိန်ဖြစ်ပါတယ်လို့ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ အစ္စရေးလ်နဲ့ ကမ္ဘာတဝန်းက အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

အရေးအကြီးဆုံး ကတော့ အီရန် အနေနဲ့ နျူးကလီးယားလက်နက် ထုတ်လုပ်မယ့် လုပ်ငန်းစဉ်ကို ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာနဲ့ အီရန်အနေနဲ့ အကြမ်းဖက်ဝါဒီတွေနဲ့ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတာတွေ၊ လေ့ကျင့် သင်တန်းပေးတာတွေနဲ့ ငွေကြေး ထောက်ပံ့တာတွေကို ရပ်ပစ်ဖို့ အမေရိကန်နဲ့ အစ္စရေးလ်တို့ အနေနဲ့ တညီတညွတ်တည်း ကြေညာနိုင်တယ်၊ ချက်ချင်းရပ်ပစ်ရမယ်လို့ သမ္မတက ပြောပါတယ်။ အစ္စရေး သမ္မတ Reuven Rivlin နဲ့ ဂျေရုစလမ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန် သမ္မတ Trump က အခုလို ပြောဆိုတာပါ။

ဂျူးနဲ့ ခရစ်ယာန်တို့ရဲ့ အရေးပါတဲ့ ဘာသာရေး အထွဋ်အမြတ်နေရာတွေကိုလည်း သမ္မတ Trump သွားရောက်ခဲ့သလို အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့လည်း ဆွေးနွေးဖို့လည်း ရှိပါတယ်။ ဆော်ဒီအာရေးဗျ ကို ၂ ရက်ကြာ သွားရောက်ခဲ့ပြီးနောက်မှာ အမေရိကန် သမ္မတ Trump က အစ္စရေးလ်နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေးကို ဆော်ဒီအနေနဲ့ လိုလားတယ်ဆိုတာကို ဆော်ဒီဘုရင်က အာမခံ ပြောကြားခဲ့တဲ့ အကြောင်းလည်း အမေရိကန် သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump အစ္စရေးနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG