သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် နှုတ်ထွက်ဖို့ လူထောင်ပေါင်းများစွာဆန္ဒပြ


မလေးဝန်ကြီးချုပ် Najib Abdul Razak နုတ်ထွက်ပေးဖို့ ကွာလာလမ်ပူမှာ ဆန္ဒပြ (Nov. 19, 2016)
မလေးဝန်ကြီးချုပ် Najib Abdul Razak နုတ်ထွက်ပေးဖို့ ကွာလာလမ်ပူမှာ ဆန္ဒပြ (Nov. 19, 2016)

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ အစိုးရကို ဆန့်ကျင်သူ ထောင်ပေါင်း များစွာက စနေနေ့က လမ်းတွေပေါ် ထွက်ဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇက် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။ ဒေါ်လာ ဘီလီယံပေါင်း များစွာ ပါဝင်တဲ့ ငွေကြေး အလွဲသုံးစားလုပ်မှု အရှုပ်တော်ပုံမှာ ဝန်ကြီးချုပ်ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အခုလို တောင်းဆို ဆန္ဒပြခဲ့ကြ တာပါ။

Berish လို့ခေါ်နဲ့ အင်္ကျီအဝါဝတ် ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြတဲ့သူတွေက လူထုအာဏာ ဆိုပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး၊ အတော် များများက ဘင်ခရာတွေ၊ ဘူဘူဇီလာတွေကို မှုတ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။

ကွာလာလမ်ပူ မြို့လယ်က မာဒေးကားရင်ပြင်ကို ဦးတည်တဲ့ အဓိက လမ်းမကြီးတွေ ပေါ်မှာတော့ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေ အများအပြား ချထား တာကို တွေ့ရပြီး၊ ဆန္ဒပြတဲ့သူတွေ စုဝေးဖို့ လုပ်ထားတဲ့နေရာကို သွားလို့ မရအောင် တားဆီးနေပါတယ်။

ဒီဆန္ဒပြမှုတွေကနေ ဝန်ကြီးချုပ် နာဂျစ်ရာဇက် နှုတ်ထွက်သွားတဲ့ အထိတော့ ဖြစ် လာနိုင်ခြေ မရှိပဲ ၊ အခုချိန်ထိ အတိုက်အခံတွေ မီဒီယာတွေနဲ့ တက်ကြွ လှုပ်ရှား သူတွေကို နှိမ်နှင်းတာတွေ ထိန်းချုပ် တာတွေလုပ်ပြီး သူဟာ အခုချိန်ထိ ဒီပြဿနာကို ကျော်လွှားပြီး အာဏာကို အခိုင်အမာကိုင်စွဲထားဆဲဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူနဲ့ အတူ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တက်ကြွ လှုပ်ရှားသူ ကျောင်းသားတွေ အပါအဝင် တခြား ဆန္ဒပြပွဲကို ထောက်ခံတဲ့သူ အတော်များများကို မလေးရှား အာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG