သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆန့်ကျင်ရေး ဆန္ဒပြသူကျောင်းသားတွေ နယူးယောက်မှာ ဖမ်းဆီးခံရ


နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်ဝန်းထဲ ဆန္ဒပြနေတဲ့ကျောင်းသားများ (ဧပြီ ၃၀၊ ၂၀၂၄)
နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်ဝန်းထဲ ဆန္ဒပြနေတဲ့ကျောင်းသားများ (ဧပြီ ၃၀၊ ၂၀၂၄)

အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့နှောင်းပိုင်းက ကိုလံဘီယာတက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ပြီး ကျောင်းအဆောက်အဦတခုကို စီးနင်းထားကြတဲ့ ပါလက်စတိုင်းလိုလားတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ကျောင်းရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အခြေအနေတွေ ပုံမှန် ပြန်ရောက်စေရေးတို့အတွက်ရည်ရွယ်ပြီး ရဲတပ်ဖွဲ့ရဲ့အကူအညီကို တောင်းခံခဲ့ကြောင်း တက္ကသိုလ်ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတွေဘက်က အခြေအနေတွေ ဆိုးရွားအောင် လုပ်ဆောင်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း တက္ကသိုလ် ပြောခွင့်ရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေက Hamilton ကျောင်းဆောင်ကို ဝင်ရောက် စီးနင်းပြီး ပြတင်းပေါက်တွေကို ရိုက်နှက် ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့အပြင် အဆောင်ထဲကို ဘယ်သူမှ ဝင်လို့မရအောင် လူအုပ်နဲ့ ကာရံ တားဆီးထားခဲ့ပြီးတဲ့နောက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Hamilton ကျောင်းဆောင်ကို ဝင်စီးထားတဲ့ ကျောင်းသားတွေနဲ့ ကျောင်းဝန်းအတွင်း စခန်းချ ဆန္ဒပြနေသူတွေကို ရှင်းထုတ်ပေးဖို့ ကျောင်းအကြီးအကဲ Minoche Shafik က နယူးယောက်ရဲတပ်ဖွဲ့ထံ စာရေး မေတ္တာရပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ အနည်းဆုံး မေလ ၁၇ ရက်နေ့အထိ ကျောင်းဝန်းအတွင်းမှာ ရှိနေကြဖို့ပါ တောင်းဆိုထားပါတယ်။

အလားတူဘဲ အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကြီး အတော်များများ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ရဲ့ Los Angeles ကျောင်းဝန်းမှာ မနေ့ညက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့သလို ပါလက်စတိုင်းကို ထောက်ခံသူတွေနဲ့ အစ္စရေးကို ထောက်ခံသူတွေ နှစ်ဘက်အကြားမှာလည်း ထိပ်တိုက် ထိတွေ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG