သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ လူအခွင့်အရေး HRW ဝေဖန်


HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson။
HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson။

အရှေ့တောင်အာရှ ဒေသမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ ပိုမို ဆိုးရွားလာနေပြီး - ထိုင်း၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch (HRW) အဖွဲ့ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ နှစ်စဉ် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ဆိုက်ဘာရာဇဝတ်မှု ဥပဒေတွေ၊ အကြည်ညိုပျက်စေမှု၊ လွတ်လပ်စွာပြောဆိုခွင့် အပေါ် နောက်ထပ် ထိန်းချုပ်မှုတွေနဲ့အတူ အစိုးရတွေဟာ မီဒီယာနဲ့ ဆက်သွယ်ရေးကဏ္ဍတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လာတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားတာပါ။

HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကတော့ - အင်တာနက်အွန်လိုင်းပေါ်က လူမှုအသိုင်းအဝိုင်းအပေါ် အစိုးရတွေက ဖိနှိပ်မှုနဲ့ ဆင်ဆာတည်းဖြတ်မှုတွေ ပိုများလာတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

အွန်လိုင်းပေါ်မှာ သူတို့ ပြောချင်တာတွေကို ပြောဖို့နဲ့ သူတို့ အခွင့်အရေးတွေကို ကာကွယ်ဖို့ အဖွဲ့တွေ ထူထောင်ကြတာမျိုးလို လူတွေရဲ့ အခွင့်အရေးတွေအပေါ် အစိုးရတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း Phil Robertson က ဗွီအိုအေကို အီးမေးလ်နဲ့ ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသက ဖိနှိပ်တဲ့အစိုးရတော်တော်များများဟာ အင်တာနက် ဆက်သွယ်ရေးဟာ ခြိမ်းခြောက်မှုတခုအဖြစ် ထိန်းချုပ်ဖို့ လိုတယ်လို့ မြင်နေကြကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ အစိုးရတွေဟာ - ပြီးခဲ့တဲ့နှစ်ထဲ အွန်လိုင်းပေါ်က သတင်းတွေနဲ့ မီဒီယာတွေအပေါ် နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG