သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ဥပဒေ လိုက်နာမှု ရှိမရှိ ရုရှား စစ်ဆေးမည်


အမေရိကန်အခြေစိုက် VOA အမေရိကန်အသံ၊ REF/RL လို့ခေါ်တဲ့ လွတ်လပ်တဲ့ ဥရောပအသံနဲ့ CNN ရုပ်သံ သတင်းဌာနတွေအနေနဲ့ ရုရှားနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်နေခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့ ရုရှားအောက်လွှတ်တော်က ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ရုရှားအစိုးရက ကျောထောက်နောက်ခံပေထားတဲ့ Russia TV အနေနဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားအဖွဲ့အစည်းများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့အညီ လုပ်ကိုင် ဆောင်ရွက်နေခြင်း ရှိမရှိ အမေရိကန် တရားရေးဌာနအနေနဲ့ ပိုမို စုံစမ်း စစ်ဆေးပိုင်ခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Jeanne Shaheen က တင်သွင်းပြီးတဲ့နောက်မှာ ရုရှားအောက်လွှတ်တော် Duma က မတ်လ ၁၇ ရက်နေ့မှာ အဲဒီလို ညွန်ကြားချက် ထုတ်ပြန်လိုက်တာပါ။

ရုရှားဘက်က အဆိုပြုချက်ကိုတော့ အောက်လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရရှိထားတဲ့ သမ္မတ Vladimir Putin ရဲ့ ညီညွတ်သောရုရှား ပါတီက လွှတ်တော်အမတ် Konstantin Zatulin က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရုရှား လွှတ်တော်အမတ်တွေက မတ်လ ၁၇ ရက်နေ့မှာ အတည်ပြုပေးလိုက်တဲ့ အဲဒီ ညွန်ကြားချက်အရ အမေရိကန်အခြေစိုက် VOA အမေရိကန်အသံ၊ CNN ရုပ်သံ သတင်းဌာနနဲ့ REF/RL လို့ခေါ်တဲ့ လွတ်လပ်တဲ့ ဥရောပအသံအောက်မှာရှိတဲ့ ရုရှားအသံလွှင့်ဌာနတို့ အနေနဲ့ရုရှားနိုင်ငံရဲ့ ပြန်ကြားရေးဆိုင်ရာ ဥပဒေတွေကို လိုက်နာခြင်း ရှိမရှိ အောက်လွှတ်တော်ကော်မီတီက စုံစမ်း စစ်ဆေးရမှာ ဖြစ်ပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဖက် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump က အနိုင်ရရေးအတွက် ရုရှားအစိုးရရဲ့ ကွန်ပြူတွေအတွင်း ထိုးထောက်ဝင်ရောက်တဲ့ လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ ဝါဒဖြန့်ချိရေး အစီအစဉ်တွေအတွက် RT လို့ခေါ်တဲ့ ရုရှား ရုပ်သံဌာနကို အသုံးချခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် Shaheen ရဲ့ ဥကဒေ မူကြမ်းနဲ့ ကိုက်ညီအောင် ရုရှားလွှတ်တော်အမတ် Zatulin ကလည်း သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG