သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ထိုင်း ပူးပေါင်းဆောင်ရွက်ရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ဆွေးနွေး


ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ။
ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ။

ထိုင်းအစိုးရ အနေနဲ့ မြန်မာ အစိုးရသစ်နဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထိုင်းဝန်ကြီးချုပ် ကျန်းမာပါစေကြောင်း သမ္မတ ဦးထင်ကျော်ရဲ့ အမှာစကားကို ပြောကြား ခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင့်သင့် ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့လည်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖော်ပြပါတယ်။

မြန်မာ သမ္မတ ဦးထင်ကျော် အနေနဲ့ရော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့တော့ လတ်တလောမှာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ခရီးစဉ် မရှိသေးဘူးလို့နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက VOA ကိုပြောပါတယ်။

" State Counsellor ကတော့ လက်ရှိကတော့ Focus ကတော့ ပြည်တွင်း ကိစ္စဝိစ္စတွေကတော့ ဦးစားပေးပါပဲ။ Peace Process တို့၊ reconciliation တို့ ဒါတွေပေါ့ အဲ့ဒီ့အပေါ်မှာ မူတည်ပြီးတော့ အခြေအနေ အချိန်အခါ ခွင်ပြုရင်တော့လည်း ကျနော်တို့ ပြည်ပခရီးစဉ်တွေ စီစဉ်မှာပါခင်ဗျ။"

မသိင်္ဂီထိုက် ။ ။ ဟုတ်ကဲ့ အခုလောလောဆယ်တော့ ထိုင်းခရီးစဉ်တော့ မရှိသေးဘူးပေါ့နော်။ သမ္မတဦးထင်ကျော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော။

" လောလောဆယ်ကာလမှာတော့ ကျနော်တို့ မရှိသေးပါဘူးခင်ဗျ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ

ဒီကနေ့ ထိုင်းဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြတာမှာတော့ ထိုင်းဝန်ကြီးချုပ်က နှစ်နိုင်ငံ စစ်တပ်တွေ အနေနဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံကို သုံးရက်ကြာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပြီး မနက်ဖြန် သောကြာနေ့မှာ ခရီးစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ

XS
SM
MD
LG