သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းစစ်ရေး တင်းမာဆဲ


TNLA ရှေ့တန်းတပ်များ (PSLF -TNLA News & Information Department)
TNLA ရှေ့တန်းတပ်များ (PSLF -TNLA News & Information Department)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မန်တုံ နမ္မတူမြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့အကြား ဒီကနေ့မှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲအတွင်းဒေသခံတွေ နေရပ်ကနေ တိမ်းရှောင်ထွက်ပြေး နေရဆဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်စစ်ရေးတင်းမာနေမှုအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမြို့နယ်မန်တုံကွတ်ခိုင် မြို့နယ်ဘက်တွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ မဟာမိတ်တပ်ဖွဲ့ဝင် TNLA နိုင်ငံခြားဆက်ဆံရေး ဌာနတာဝန်ခံ တာပန်းလှကပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာရော၊ ညနေပိုင်းမှာရော တိုက်ပွဲတွေတော့ဖြစ်နေပါ တယ်။ ဖြစ်တာက ဖောဆိုင်၊ မန်တုံဘက်မှာလည်းဖြစ်တယ်။ လေယာဉ် ၂ စီးနဲ့လာရောက်ပစ်ခတ်တာမျိုးရှိပါတယ်။”

ဒီကနေ့မနက်မှာကွတ်ခိုင်မြို့နယ်၊ မန်ကျယ်ကျေးရွာနှင့် ကောင်းနိမ်ကျေးရွာကြားတိုက်ပွဲဖြစ်ပွါးခဲ့သလို မန်တုံမြို့ နယ်၊ မန်အီကျေးရွာ အနီးမှာလဲ တအာင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့သူကဆိုပါတယ်။

ဒီကနေ့ဖြစ်ပွါးတဲ့နမ္မတူမြို့နယ်မိုင်းတတ်ကျေးရွာနဲ့ ပန်ဝါကျေးရွာ ကြားတိုက်ပွဲမှာ မြန်မာ့တပ်မတော်ကနေ စစ်ရ ဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုရှိခဲ့ တယ်လို့ TNLA တအာင်းပလောင်တပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်။

နမ္မတူမြို့မြောက်ဘက်(၁၀)မိုင်ခန့်အကွာ မိုင်းတတ်ကျေးရွာနဲ့ပန်ဝါကျေးရွာကြားမှာ ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသ ခံတွေ နေရပ်ကနေ တိမ်းရှောင်နေရတယ်လို့မိုင်းတတ် ဒေသခံစိုင်းပန်ခမ်းက ရှမ်းဘာသာနဲ့အခုလို ပြောပါတယ်။

“တိုက်ပွဲကြောင့် ပန်ဝါဒေသခံ မိုင်းတပ် ဘက် ရောက်လာတယ်။ အယောက် ၃၀ လောက်ရှိမယ်။။ ပိတ်မိနေတဲ့သူ တွေလဲရှိတယ်။ သိန္နီဘက်သွားတဲ့သူ နမ္မတူ လားရှိုးဘက်သွားတဲ့သူတွေရှိတယ်။ တောတောင်ထဲမှာလဲ အများကြီး ကျန်နေတယ်။ သူတို့ ကို သွားကြိုလာဖို့ ဒီနေ့ လူထပ်လွတ်ထားတယ်။”

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာပန်ဝါဒေသခံတွေအနေနဲ့ နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ နမ္မတူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းစံကအတည်ပြုပြောခဲ့ပါတယ်။

လက်ရှိ နမ္မတူစစ်ရှောင်စခန်း မှာပန်ဝါစစ်ပြေးဒုက္ခသည်(၅၀)ဦးရောက်ရှိနေသလို စုစုပေါင်းဒုက္ခသည်ဦးရေ (၁၄၀၀) ကျော်ပြီးလို့ စခမ်းဒုဥက္ကဌ စိုင်းဘညာဏ်ကပြောပါတယ်။

“ပန်ဝါကတော့ ကျနော်တို့ ခရစ်ယာန်ဘုရားကျောင်းမှာ နေရာချပေးထားပါတယ်။ ပန်ဝါမှာကတော့ ကျနော်တို့ အိမ်ထောင်စု ၁၉ စုရှိတယ်ခင်ဗျ။ လူဦးရေကတော့ ၅၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့ ဒီနေ့ စာရင်းချုပ်ဆိုရင် ၃၆၁ စုပေါ့နော် ကျနော်တို့ စခန်း ၅ ခုပေါ့နော် အဲဒါ ၁၄၀၁ ဦး ဒီနေ့ ကျနော်တို့ စာရင်းချုပ်တဲ့ အခါမှာ ရရှိပါတယ်။”

အလားတူ စစ်ရေးအခြေအနေတည်ငြိမ်စပြုနေတဲ့မူဆယ်ဘက်မှာလဲ ဗုံးဖေါက်ခွဲမှုဖြစ်စဉ်တွေရှိနေပေမဲ့ ထိခိုက်မှုတစုံ တရာမရှိဘူးလို့ မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းကပြောပါတယ်။

“ကျနော်တို့ နမ့်ခမ်းနဲ့ မူဆယ်ကြားမှာ ဆွဲမိုင်းတခုပါ။ ကားလမ်းဘေးကနေပြီးတော့ ဆွဲမိုင်း ၁ ခုပေါ့နော် အဲဒီဖြစ်စဉ်တော့ရှိတယ်။”

လက်ရှိမူဆယ်မြို့နယ်မှာ မြန်မာ့တပ်မတော်ကနေနယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတာကြောင့် ကုန်သွယ်ရေး အခြေအနေလဲ ပုံမှန်အနေအထားရောက်လုနီးပြီးလို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

မနေ့ကနဲ့ ဒီကနေ့တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ဘက်ကနေ သတင်းထုတ်ပြန်တာ မျိုးတော့မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ နိူဝင်ဘာလ(၂၀)ရက်နေ့ကစပြီး KIA / TNLA / MNDAA / AAစတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့အကြား မူဆယ် ကြူကုတ် ပန်ဆိုင်း မုံးကိုး ဖေါင်းဆိုင်ဒေသ ဘက်မှာ စစ်ရေးတင်းမာခဲ့ကြသလို တိုက်ပွဲတွေအတွင်းဒေသခံ(၂)သောင်းခန့်ဟာလဲ တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာ မူဆယ်ခရိုင်မုံးကိုးဒေသဘက်မှာ မြန်မာ့တပ်မတော်ကနေထိမ်းချုပ်ထားနိုင်ပြီး စစ်ရေးတည်ငြိမ်မှုရှိ လာလို့ မုံးကိုးဒေသခံစစ်ဘေးရှောင်(၄၀၀၀)နီးပါးနေရပ်ပြန်နေကြပြီးဖြစ်ပေမဲ့ကျောက်မဲ နောင်ချို နမ္မတူလားရှိူးမြို့ နယ် စစ်ဘေးရှောင်စခမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ တင်းမာနေဆဲစစ်ရေးအခြေအနေကြောင့် နေရပ်ကို မပြန်နိုင်သေးတဲ့အခြေအနေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG