သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် တိုက်ခိုက်မှု မလေးနဲ့စင်္ကာပူသားတချို့ပါဝင်


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့တွင်း အစိုးရတပ်များ လုံခြုံရေးယူထားစဉ်။ (မေ ၂၅-၂၀၁၇)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့တွင်း အစိုးရတပ်များ လုံခြုံရေးယူထားစဉ်။ (မေ ၂၅-၂၀၁၇)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့မှာအိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်ပုန်ကန်သူတွေ ထဲမှာ နိုင်ငံရပ်ခြားက လာတဲ့ တိုက်ခိုက်ရေး သမားတွေပါဝင်ပြီး အဲဒီအထဲမှာ စင်္ကာပူ နိုင်ငံသားတွေပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံထဲမှာ နိုင်ငံရပ်ခြားကလာတဲ့ တိုက်ခိုက်ရေး သမားတွေ ရှိနေတာ ကာလအတော်ကြာနေပြီ ဖြစ်ပြီး သူတို့ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေ ဗုံးလုပ်တာတွေကို အကူအညီပေး နေတယ်လို့စစ်တပ်ပြောခွင့်ရ ဗိုလ်မှုးချုပ် Restituto Padilla က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Marawi မှာလာရောက် တိုက်ခိုက် သူတွေထဲမှာ မလေးရှားနိုင်ငံသားတွေ စင်္ကာပူ နိုင်ငံသားတွေ ပါနေပြီး အများအပြားလည်း သေဆုံးခဲ့ကြ တယ်လို့လည်း ပြောပါတယ်။သေဆုံးသူ စစ်သွေးကြွ ၁၂ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေက လာရောက်တဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြောင်းလည်း ဗိုလ်မှုးချုပ် Padilla က ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်လောက် ကတည်းက စစ်ဆင်ရေးတွေအတွင်း သေဆုံးတဲ့ စစ်သွေးကြွတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်နေတာကို သိခဲ့ရပြီး ဖိလစ်ပိုင်အစိုးရက အဲဒီနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူညီတွေ ရယူခဲ့တာ ဖြစ်ပါတယ်။

ကက်သလစ်ဘာသာဝင် အများအပြားနေထိုင်တဲ့ ဖိလစ်ပိုင် နိုင်ငံမှာ မူစလင်မြို့ဖြစ်တဲ့ Marawi ကို အင်္ဂါနေ့က Maute အစ္စလန်စစ်သွေးကြွ အယောက် ၁၀၀ ကျော် က လမ်းမကြီးတွေ တံတားတွေ ကို သိမ်းပြီး အဆောက်အဦးတွေကို မီးရှို့၊ ဓါးစာခံ ဖမ်းဆီးမှုတွေ လုပ်ပြီး မြို့ကို သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သမ္မတ Rodrigo Duterte က အဲဒီမြို့ရှိရာ ဖိလစ်ပိုင်တောင်ပိုင်း Mindanao ကျွန်းစုအတွက် စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG