သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ရာထူးက ထုတ်ပယ်ခံရ


တောင်ကိုရီးယား အခြေခံဥပဒေခုံရုံး၊ ဆိုးလ်၊ မတ်လ ၁၀၊ ၂၀၁၇
တောင်ကိုရီးယား အခြေခံဥပဒေခုံရုံး၊ ဆိုးလ်၊ မတ်လ ၁၀၊ ၂၀၁၇

တောင်ကိုရီးယားသမ္မတ Park Geun-hye ကို ရာထူးကနေ ဖယ်ရှားရေးကိစ္စ အခြေခံဥပဒေခုံရုံးက တရားဝင် အတည်ပြုလိုက်ပါပြီ။သမ္မတ Park Geun-hye ကို ရာထူးကနေ ဖယ်ရှားဖို့ တရားရုံးမှာ ဒီကနေ့ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာပါ။

တရားရုံးအပြင်ဘက်မှာ ဆန္ဒပြပွဲတွေကနေ ဆန္ဒပြသူနှစ်ဦး သေဆုံးပါတယ်။

ယာယီ တရားသူကြီးချုပ် Lee Jung-mi က တရားရုံးဆုံးဖြတ်ချက် ဖတ်ကြားတာကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့် ပြသပါတယ်။ အခြေခံဥပဒေနဲ့ တရားဥပဒေကို ချိုးဖောက်တဲ့ သမ္မတ Park Geun-hye ရဲ့လုပ်ရပ်တွေဟာ အများပြည်သူရဲ့ ယုံကြည်မှုကို သစ္စာဖောက်တာဖြစ်တယ်လို့ တရားသူကြီးချုပ်က ပြောပါတယ်။

ယာယီ တရားသူကြီးချုပ် Lee Jung-mi
ယာယီ တရားသူကြီးချုပ် Lee Jung-mi

သံသယဖြစ်ဖွယ် အဖွဲ့နှစ်ဖွဲ့အတွက် ကိုရီးယားစီးပွားရေးလုပ်ငန်းကြီး နှစ်ခုဆီကနေ လှူဒါန်းငွေ ဒေါ်လာ ၆၉ သန်းကျော်ရဖို့ သမ္မတက သူ့ရဲ့မိတ်ဆွေ Choi Soon-sil နဲ့ပေါင်းပြီးတော့ မလျော်သြဇာသုံးပြီး လုပ်ခဲ့တယ်ဆိုတဲ့စွဲချက်တွေဟာ အခြေခံဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်တာဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

သမ္မတ Park Geun-hye ကတော့ အဲဒီစွဲချက်တွေ မဟုတ်တဲ့အကြောင်း ထပ်ခါတလဲလဲ ငြင်းထားပါတယ်။ အခြေခံဥပဒေအရ ယာယီသမ္မတ ဝန်ကြီးချုပ် Hwang Kyo-anh က သမ္မတရွေးကောက်ပွဲအသစ်ကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပဖို့ စီစဉ်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG