သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင် တရုတ်ခရီးသည်တင်လေယာဉ်တွေ ပျံသန်းမည်


တရုတ်ခရီးသည်တင်လေယာဉ်တွေ စတင်ပျံသန်းနေတဲ့ တောင်တရုတ်ပင်လယ်ထဲက Woody ကျွန်း
တရုတ်ခရီးသည်တင်လေယာဉ်တွေ စတင်ပျံသန်းနေတဲ့ တောင်တရုတ်ပင်လယ်ထဲက Woody ကျွန်း

တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ဒေသကို အရပ်သား ခရီးသည်လေယာဉ်တွေ နေ့စဉ်ပျံသန်းမယ်လို့ တရုတ်နိုင်ငံက ကြေညာပါတယ်။ ဒီအချက်ကြောင့် အာရှတိုက်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အကြီးမားဆုံးအငြင်းပွားမှုမှာ အစိုးရ တွေအနေနဲ့ နယ်မြေပိုင်တယ်လို့ သူတို့ပြောတဲ့အချက် ပိုပြီးအားကောင်းအောင် အရပ်သားတွေကို ပိုပြီး အသုံးချလာပြီလားဆိုတဲ့ စိုးရိမ်ချက်တွေ တိုးလာပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Haikou မြို့ကနေ တောင်တရုတ်ပင်လယ်ထဲက Woody ကျွန်းကို ကြာသပတေးနေ့က လေယာဉ်တွေ စပျံတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာဖြင့် Paracel ကျွန်းစုတွေပတ်ပတ်လည်မှာ စစ်ဘက် တည်ရှိမှုသာမက တခြားအရပ်ဖက်ဆိုင်ရာ တည်ရှိမှုတွေကိုပါ တရုတ်အစိုးရက တိုးချဲ့တည်ဆောက်လာတဲ့ လုပ်ရပ်အဖြစ် မြင် ကြပါတယ်။

ဒီအချက်ကြောင့် Paracel ကျွန်းစုတွေကို ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ ဗီယက်နမ်နိုင်ငံက မကျေမနပ်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၁.၄ သန်း စတုရန်းမိုင်အကျယ်ရှိတဲ့ ပိုင်ဆိုင်မှုအငြင်းပွားဒေသကို အစိုးရငါးခုက အရပ်သားတွေလွှတ်တဲ့ထဲမှာ အခုကိစ္စဟာ နောက်ဆုံးပေါ်လာတဲ့ဖြစ်ရပ်ပါ။ တရုတ်၊ မလေးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ တောင်တရုတ် ပင်လယ်ထဲက အခုချိန်ထိဆိုရင် ကျွန်းငယ်လေး ၅၀၀ လောက်မှာ စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားတွေနေဖို့ ခွင့်ပြုထားပြီးသား ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG