သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီယားသမ္မတ အကြံပေးဟောင်း ထိန်းသိမ်းခံရ


 အကြံပေးအရာရှိဟောင်း Ahn Jong-beom
အကြံပေးအရာရှိဟောင်း Ahn Jong-beom

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာပဲ၊ တောင်ကိုရီးယားသမ္မတ Park Geun-hye ရဲ့ အကြံပေးအရာရှိဟောင်း Ahn Jong-beom ကို တောင်ကိုရီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သူနဲ့ တခြားဝန်ကြီးအဖွဲ့တွေ ရာထူးကနေနှုတ်ထွက်ဖို့ အမိန့်မထုတ်ခင်မှာ ၊ သူဟာ သမ္မတ Park Geun-hye ရဲ့ မူဝါဒဆိုင်ရာညှိနှိုင်းရေးဌာန ဝန်ကြီးလည်းဖြစ်ပါတယ်။

သမ္မတ Park Geun-Hye ရဲ့ သူငယ်ချင်း Choi Soon-Sil က ကုမ္ပဏီတွေကို သူတည်ထောင်ထားတယ်လို့ဆိုတဲ့ ပရဟိတအဖွဲ့အစည်းတွေကို အလှူငွေတွေအတင်းအကြပ် လှူဒါန်းခိုင်းတဲ့နေရာမှာ Ahn က Choi Soon-Sil ကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက် စုံစမ်းစစ်ဆေးခံ နေရာတာ ဖြစ်ပါတယ်။ Choi ဟာ အဲဒီကရလာတဲ့ အလှူငွေတွေကို သူ့ရဲ့ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

၃ ရက်ကြာ စုံးစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက် သူ့ကို ဗုဒ္ဓဟူးနေ့က ထိန်းသိမ်းခဲ့တာဖြစ်သလို၊ အစိုးရရှေ့နေတွေဘက်ကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Choi ဟာ သမ္မတ Park Geun-hye အပေါ်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာ သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး စွပ်စွဲခံနေရတာဖြစ်ပါတယ်။ အဲဒီအထဲမှာ မူဝါဒရေးရာအကြံပေးတာတွေလည်း ပါဝင်နိုင်ချေရှိပါတယ်။ Choi က သူမရဲ့ မိန့်ခွန်းတချိုကိုပြင်ဆင်ပေးခဲ့လိသလို၊ လူထုဆက်ဆံရေးကိစ္စတချို့ကိုလည်း အကူအညီပေးခဲ့တယ်လို့ သမ္မတ Park Geun-hye ကလည်း ဝန်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG