သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့အညီ တောင်ကိုရီးယားသမ္မတ နုတ်ထွက်ဖို့ ကမ်းလှမ်း


တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေး
တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေး

တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးက သူ့အနေနဲ့ ရာထူးကနေ အစီအစဉ်တကျ ဆင်းပေးနိုင်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေကို လွှတ်တော်က ချမှတ်လုပ်ဆောင်မယ်ဆိုရင် သူ ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒရှိပါတယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အယုံအကြည်မရှိ အဆို ဒါမှမဟုတ် ရာထူးကနေနုတ်ထွက် ဆိုတဲ့ စကားလုံးမျိုးတွေ မသုံးနှုန်းဘဲ သူ့ဘက်က အခုလိုဆန္ဒ ရှိတဲ့အကြောင်း သမ္မတ ပက်ဂွန်ဟေး က ပြောသွားတာပါ။ “လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ သမ္မတသက်တမ်း အချိန်ကို လျှော့ချတာ အပါအဝင် ရှေ့လျှောက် တာဝန်တွေကနေ သူ ရပ်နားပေးပါမယ်လို့” Mrs. Park က ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။

ဒါ့အပြင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးသင့် မသင့် မသေချာမရေရာ ဖြစ်နေပုံရတဲ့ မစ် Park က လွှတ်တော်ကနေ သတ်မှတ်ပေးမယ့် အစီအစဉ်အတိုင်း ဥပဒေကြောင်းအရ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ သမ္မတရာထူးကနေ သူ ဆင်းပေးကောင်း ဆင်းပေးမယ်လို့ ပြောသွားတာပါ။

တိုင်းပြည် ရေးရာတွေ ဆောင်ရွက်ရာမှာ မတည်မငြိမ် အခြေအနေတွေ နည်းပါးစေဖို့နဲ့ တာဝန်တွေကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးနိုင်ဖို့အတွက် လက်ရှိ အာဏာရနဲ့ အတိုက်အခံပါတီတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့အညီ ဆောင်ရွက်သွားဖို့ သူက ပြောသွားပါတယ်။ အတိုက်အခံ ခေါင်းဆောင် တွေကတော့ သမ္မတရဲ့မိန့်ခွန်းကို သိပ် အကောင်း မမြင်ကြပါဘူး။

သူ့အပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမှုတွေကို အချိန်နှောင့်နှေးအောင် လုပ်တဲ့ နိုင်ငံရေးလှည့်ကွက်တခု ဖြစ်နိုင်တယ်လို့ တချို့က သံသယရှိသလို၊ သူမရဲ့ Saenuri ပါတီတွင်း ထောက်ခံမှုရအောင် လုပ်တာလို့ မြင်သူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG