သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရနိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ မကျင်းပနိုင်သေး


အမေရိကန်နိုင်ငံခြားရေးဌာန
အမေရိကန်နိုင်ငံခြားရေးဌာန

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ အခုသီတင်းတပါတ်လုံး နေ့စဉ်သတင်းစာရှင်းပွဲလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနအနေနဲ့ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဆက်ပြီးတုံ့ပြန်ဖြေကြားသွားမှာဖြစ်ပေမဲ့ ဖေဖော်ဝါရီ လ ၆ ရက်ကနေ ၁၀ ရက်အထိ ပုံမှန်နေ့စဉ် သတင်းစာရှင်းပွဲကို လုပ်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန ယာယီပြောခွင့်ရ Mark Toner က VOA ကိုပြောပါတယ်။ နေ့စဉ်သတင်းစာရှင်းပွဲတွေ အမြန်ဆုံးပြန်လုပ်နိုင်ဖု့ိ တာဝန်ရှိသူတွေက ကြိုးစားနေပါတယ်လို့လည်း သူကပြောပါတယ်။

ခုလိုနိုင်ငံခြားရေးဌာနက ပုံမှန်သတင်းစာရှင်းပွဲတွေကို ရက်ရှည်ဖျက်တာ အရင်ကတခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ နောက်ဆုံးသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာက သမ္မတ Trump တရားဝင် သမ္မတရာထူး မယူခင်တရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ John Kirby နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG