သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ခေါင်းဆောင်တဦး သေဆုံး


ပါကစ္စတန်နိုင်ငံတွင်း အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးခဲ့
ပါကစ္စတန်နိုင်ငံတွင်း အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးခဲ့

အာဖဂနစ္စတန် နယ်စပ်အနီး ပါကစ္စတန်နိုင်ငံတွင်း အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် ခေါင်းဆောင် Mullah Akhtar Mansoor သေဆုံးခဲ့တယ်ဆိုတာကို အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ NDS က အတည်ပြုလိုက်ပါတယ်။

Baluchistan ပြည်နယ် Dalbandin မှာ မနေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်မှု တခု အတွင်း တာလီဘန်ခေါင်းဆောင် Mullah Akhtar Mansoorသေဆုံးသွားတယ်လို့ NDS က သူ့ရဲ့ တရားဝင် Twitter နဲ့ Facebook စာမျက်နှာမှာ တနင်္ဂနွေနေ့က တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာလီဘန်ခေါင်းဆောင် Mansoor ကို ပစ်မှတ်ထားတိုက်ခိုက်ရတဲ့ အကြောင်းကတော့ သူဟာ အမေရိကန် ဝန်ထမ်းတွေ၊ အာဖဂန် အရပ်သားတွေနဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့လူ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှုတွေကိုလည်း ဆန့်ကျင်ခဲ့သူတဦး ဖြစ်တာကြောင့်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံ Baluchistan ပြည်နယ်ရဲ့မြို့တော် Quetta က ဆရာဝန်တွေကတော့ အမေရိကန်တို့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ဝေးလံတဲ့ နယ်စပ်ဒေသက သေဆုံးသူနှစ်ဦးရဲ့ အလောင်း တွေကို လက်ခံရရှိထားတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ပါကစ္စတန် ရုပ်မြင်သံကြားဌာန 92 News က တိုက်ခိုက်ခံရတဲ့ ကားအပျက်အစီးတွေရဲ့ ပုံတွေနဲ့ သေဆုံးသွား သူတဦးရဲ့ ဆော်ဒီနဲ့ အီရန် ပြည်ဝင်ခွင့်တွေ ပါရှိတဲ့ နိုင်ငံကူးလက်မှတ်ရဲ့ ပုံတွေကို ပြသခဲ့ပါတယ်။ ပါကစ္စတန် နိုင်ငံကူးလက်မှတ်ပေါ်က ဓာတ်ပုံဟာ Mullah Mansoor နဲ့ ဆင်တူတယ်လို့လည်း တာလီဘန် သတင်းရပ်ကွက်က VOA ကို အတည်ပြုပါတယ်။

များသောအားဖြင့် မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားလေ့ရှိတဲ့ တာလီဘန် ပြောခွင့်ရတွေကတော့ ဒီဖြစ်ရပ်ဖြစ်ပြီးတာ၂၄ နာရီကျော် ကြာမြင့်လာတဲ့တိုင် ဆက်သွယ်လို့မရသေးပါဘူး။ ပါကစ္စတန်အစိုးရ ဘက်ကတော့ အဝေးထိန်း ဒုံးယာဉ်နဲ့ တိုက်ခိုက်မှုအပေါ် တရားဝင် ပြောဆိုချက် ထွက်ပေါ်မလာသေးပါဘူး။

တာလီဘန်ခေါင်းဆောင်တဦး သေဆုံး
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG