သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း အကြမ်းဖက်မှု အန္တရာယ် တပ်လှန့်


ထိုင်းတောင်ပိုင်း အကြမ်းဖက်မှု အန္တရာယ် တပ်လှန့် ။ (ဧပြီ ၂၇၊ ၂၀၁၇)
ထိုင်းတောင်ပိုင်း အကြမ်းဖက်မှု အန္တရာယ် တပ်လှန့် ။ (ဧပြီ ၂၇၊ ၂၀၁၇)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးလိုလားသူတို့ရဲ့ သူပုန်ထမှု ၁၃ နှစ်ပြည့်နှစ်ပါတ်လည်ကာလအတွင်း ထိုင်းစစ်တပ်ကို တပ်လှန့်ထားပါတယ်။ ထိုင်းတောင်ပိုင်းခရိုင်တွေမှာ လတ်တလောလတွေအတွင်း အကြမ်းဖက်မှုမြင့်တက် လာနေချိန်မှာ စစ်သွေးကြွအုပ်စုတော်တော်များများနဲ့ ထိုင်းအစိုးရက အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်နေသလို လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ 2004 ခုနှစ် April လ ၂၈ ရက်နေ့တုန်းက တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ ပါတာနီ၊ ဆွန်ခလာနဲ့ ရာလာခရိုင်တွေကရဲတပ်ဖွဲ့စခန်းတွေကို လက်နက်ကိုင် ၁၀၀ လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်တပ်ရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၃၂ ယောက် တပ်ဆုတ်ပြီး ပါတာနီခရိုင်ထဲက မွတ်ဆလင်တို့အထွဋ်အမြတ်အထားဆုံး သက်တမ်း ၄၂၅ နှစ်ရှိနေတဲ့ Krue Se ဗလီထဲမှာ ပုန်းခိုခဲ့ကြပါတယ်။ ၇ နာရီလောက်ကြာအောင် အခြေအတင်ဖြစ်ခဲ့ကြပြီးနောက် စစ်တပ်ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၃၂ ယောက်လုံး သေဆုံးခဲ့ပါတယ်။ အဲဒီစီးနင်းတိုက်ခိုက်မှုတွေအတွင်း လက်နက်ကိုင်စုစုပေါင်း ၁၁၀ လောက်သေဆုံးခဲ့တာပါ။

ပါတာနီ၊ နာရာသီဝတ်၊ ဆွန်ခလာနဲ့ ရာလာခရိုင်တွေမှာ၂၀၀၁ ခုနှစ်ထဲက စတင်တဲ့ခွဲထွက်ရေး လိုလားသူတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ ထောင့် ၅ ရာကျော်ရှိသွားပါပြီ။ သူပုန်အုပ်စုတွေစုစည်းထားတဲ့ MARA Pattani အဖွဲ့နဲ့ ထိုင်းစစ်အစိုးရက ၂၀၁၅ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေကို မလေးရှားအစိုးရကလည်း ထောက်ခံပါတယ်။ အဓိကမြို့ပြဒေသတွေမှာ တိုက်ခိုက်မှုမလုပ်ရဆိုတဲ့ သဘောတူညီမှုကို အစိုးရနဲ့ သူပုန်တွေကြား နောက်ဆုံးရရှိထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG