သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်တွင်းသေဆုံးတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူအတွက် ဆုတောင်းပွဲ


ထိုင်းတော်ဝင်မိသားစုကို အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖမ်းဆီးခံရစဥ် အစာငတ်ခံဆန္ဒ့ပြရင်းသေဆုံးသွားတဲ့ တက်ကြွလှုပ်ရှားသူ Netiporn "Bung" Sanesangkhom
ထိုင်းတော်ဝင်မိသားစုကို အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖမ်းဆီးခံရစဥ် အစာငတ်ခံဆန္ဒ့ပြရင်းသေဆုံးသွားတဲ့ တက်ကြွလှုပ်ရှားသူ Netiporn "Bung" Sanesangkhom

အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြပြီးနောက် သေဆုံးခဲ့ရတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးအတွက် ဖုယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတရပ်ကို ဘန်ကောက်မြို့မှာ အင်္ဂါနေ့ညပိုင်းက ပြုလုပ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးအပြင်ဘက်မှာ လူ ၈၀ လောက် စုဝေးပြီး သေဆုံးသူ Netiporn Sanesangkhom ကို ဂုဏ်ပြုခဲ့ကြပါတယ်။ Bung လို့ လူသိများတဲ့ Netiporn ကို ထိုင်းတော်ဝင်မိသားစုကို အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖမ်းဆီးခံထားရတာပါ။ တော်ဝင်မိသားစုအပေါ် လူထုအမြင် ကောက်ယူတယ်ဆိုပြီး အများပြည်သူနေရာတွေမှာ စစ်တမ်းကောက်ယူခဲ့တာကြောင့် သူ့ကို တော်ဝင်မိသားစုကိုအကြည်ညိုဖျက်မှုနဲ့ စွဲချက်တင်ခဲ့တာလို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက သူ့ကို အာမခံ ပြန်ရုပ်လိုက်ပြီးတဲ့နောက် အကျဉ်းထောင် အတွင်း အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဧပြီလ ၄ ရက်နေ့မှာ သူဟာ အစာပြန်စ စားခဲ့တယ်လို့ အကျဉ်းထောင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူဟာ ဆက်ပြီး အစာငတ်ခံဆန္ဒပြနေတုန်းပဲလို့ ထိုင်းလူ့အခွင့်အရေးရှေ့နေအဖွဲ့ကတော့ ဧပြီလ ၂၅ ရက်နေ့ကထုတ်ပြန်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Netiporn ဟာ ထိုင်းတော်ဝင်ဘုရင်စံနစ်ကို ပြုပြင် ပြောင်းလဲရေးတောင်းဆိုတဲ့ Thaluwang တက်ကြွလှုပ်ရှားမှုအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ အင်္ဂါနေ့မနက်ပိုင်းက ရုတ်တရက် နှလုံးခုန်ရပ်ပြီး ဝေဒနာခံစားခဲ့ရတာပါ။ သူ့ကိုပြန်သတိရအောင် ဆေးအဖွဲ့တွေက နာရီပေါင်းများစွာ ကြိုးစားခဲ့ကြသေးတယ်လို့လည်း အကျဉ်းထောင်က ထုတ်ပြန်ပါတယ်။

Forum

XS
SM
MD
LG