သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လကမ္ဘာမှာ နောက်ဆုံးခြေချခဲ့သူ အမေရိကန်အာကာသယာဉ်မှူး ကွယ်လွန်


လကမ္ဘာမှာ နောက်ဆုံးခြေချခဲ့သူ အမေရိကန် အာကာသယာဉ်မှူး Eugene Cernan
လကမ္ဘာမှာ နောက်ဆုံးခြေချခဲ့သူ အမေရိကန် အာကာသယာဉ်မှူး Eugene Cernan

လမျက်နှာပြင်ပေါ်မှာ နောက်ဆုံး လမ်းလျှောက်ခဲ့သူ Gene Cernan လို့လူသိများတဲ့ အမေရိကန် အာကာသယာဉ်မှူးဟောင်း Eugene Cernan ဟာ တနင်္လာနေ့က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

လ ကိုသွားမယ့် Apollo အစီအစဉ်အတွက် Cernan နဲ့ တခြား အာကာသယာဉ်မှူး ၁၃ ယောက်ကို အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA က ရွေးချယ်ခဲ့ချိန်မှာ Cernan ဟာ ရေတပ်ဗိုလ်ကြီး တယောက်ပါ။

၁၉၆၀ ပြည်လွန်နှစ်တွေ မကုန်ဆုံးခင် လပေါ်ကို လူသားတယောက် ခြေချနိုင်ရမယ် ဆိုတဲ့ ရည်မှန်းချက်ကို သမ္မတ John F. Kennedy က ကြေညာခဲ့ပြီးတဲ့နောက် လကိုသွားမယ့်အစီအစဉ်ကို စတင်ခဲ့တာပါ။ လပေါ်ကိုခြေချခဲ့တဲ့ Apollo 11 အာကာသယာဉ်ရဲ့ သမိုင်းဝင် ခရီးစဉ်မတိုင်ခင် နှစ်လအလို နောက်ဆုံးအကြိမ် လူလိုက်ပါပြီး စမ်းသပ်ပျံသန်းတဲ့ခရီးစဉ်ဖြစ်တဲ့ Apollo 10 အာသာသယာဉ်နဲ့ ၁၉၆၉ ခုနှစ် မေလမှာ မစ္စတာ Cernan လိုက်ပါသွားခဲ့တာပါ။

အဲဒီနောက် သုံးနှစ်အကြာ၊ ၁၉၇၂ ခုနှစ်မှာ လူလိုက်ပါပြီး လကိုသွားတဲ့ နောက်ဆုံးခရီးစဉ် Apollo 17 အာကာသယာဉ်ကို သူပဲ ဦးဆောင်ခဲ့တာပါ။ လပေါ်ကို လမ်းလျှောက်တက်ချိန် သူ့ရဲ့ ခြေရာတွေကို ပြန်လှည့်တဲ့အချိန်မှာ ဒီနေရာကို နောက်တကြိမ် သူ ထပ်ရောက်လာနိုင်စရာ မရှိဘူးဆိုတာကို သူ သိခဲ့သလို၊ သူ့အတွက် အဲဒီအခိုက်အတန့်ဟာ မမေ့နိုင်စရာပါပဲလို့ Cernan က ပြောခဲ့ပါတယ်။

Cernan ဟာ ရေတပ်တာဝန်ကနေရော NASA အလုပ်ကနေပါ ၁၉၇၆ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး အစောပိုင်း သုံးခဲ့တဲ့ အာကာသယာဉ်တွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးတဲ့ ရုပ်သံအစီအစဉ်တခုမှာ အလုပ်လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG