သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ပါတီတာဝန်ရပ်ဆိုင်း


၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD ပါတီ (NLD facebook)
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD ပါတီ (NLD facebook)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပါတီရဲ့ဂုဏ်သိက္ခာညှိုးနွှမ်းစေမှုနဲ့ ပါတီတာဝန် အသီသီးကနေ ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဆက်လက် ရှိနေသေးတဲ့ အပေါ်မှာတော့ အငြင်းပွားစရာတွေ ဆက်ဖြစ်နေသေးတယ်လို့ ေ ထာက်ပြသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ပါမယ်။

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဖြစ်တဲ့ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာစိုးမိုးသူနဲ့ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့ကို NLD ပါတီတွင်း တာဝန် အသီးသီးကနေ ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း NLD ပါတီက နိုဝင်ဘာ ၂၆ ရက်ဒီကနေ့ နေ့စွဲနဲ့ကြေညာချက် ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ဦးကို ပါတီတာဝန်တွေကနေ ရုပ်သိမ်းလိုက်ေ ပမယ့် သာမန် ပါတီဝင်အဖြစ် ဆက်ရှိနေမှာကြဖြစ်ပါတယ်။ ဘာ့ကြောင့် သူတို့ရဲ့ ပါတီတာဝန်တွေကို ရုပ်သိမ်းလိုက်ရတာလည်း ဆိုတာကိုတော့ NLD ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ရှင်းပြပါတယ်။

“ ဦးစိန်ဝင်းကတော့ မအူပင်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လေ။ ကျနော်တို့ အဖွဲ့ချုပ်ထဲကပဲ မအူပင်က တိုင်းဒေသကြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကို အချင်းချင်း တရားစွဲလို့။ မစွဲသင့် မစွဲထိုက်ဘူးလို့ .. ဖေ ျာင်းဖ ျသော်လည်းပဲ အဲဒီ တုန်းက ဖျန်ဖြေလို့ မရလို့ဒါကတချက်။ နောက်တချက်က ဒေါက်တာစိုးမိုးသူကျတော့ လူမှုရေးကိစ္စ၊ လူမှုရေးကိစ္စက အရှုပ်အရှင်းပြီးသွားသော်လည်းပဲ ဒီဖေ့စ်ဘွတ် မှာကော လွှတ်တော် ပတ်ဝန်းကျင်တွေမှာကော အဖွဲ့ချုပ်သိက္ခာ ကျလောက်အောင် ထိ ကျော်ကြားခဲ့တဲ့ကိစ္စ။ နောက် ဦးဉာဏ်လင်းကျတော့ သူ့မြို့နယ်မှာ ဥပဒေပြု ကဏ္ဍက ပါရမယ့်ပုဂ္ဂိုလ်က တဖက်က အုပ်ချုပ်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက် တဲ့အခါမှာ အမျိုးစုံဖြစ်ကြပြီး တရားစွဲမယ် ဆိုတဲ့ထိအောင် ဖြစ်လာခဲ့တဲ့ကိစ္စ .. အဲဒါတွေကို မူတည်ပြီးတော့မှ သူတို့ကို ပါတီသာမန်အဖွဲ့ အဖြစ်နဲ့သတ်မှတ် လိုက်တာပါ ”

NLD ပါတီကြေညာချက်
NLD ပါတီကြေညာချက်

စစ်ဗိုလ်ဟောင်းတဦးဖြစ်တဲ့ ရွှေပြည်သာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဉာဏ်လင်း ကတော့ ဟိုတလောတုန်းက ရွှေပြည်သာမိုတယ်မှာ ညသန်းကောင် အချိန် ကာရာအိုကေ ဆိုခွင့်တောင်းတာကိုမရလို့ မိုတယ်ဝန်ထမ်းတွေကို ခြိမ်းခြောက် တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူကတော့ NLD ပါတီ လူငယ် တာဝန်ခံတဦးဖြစ်ပါတယ်။ ဒေါက်တာစိုးမိုးသူကို ပါတီတာဝန်တွေ ရပ်ဆိုင်းလိုက် တာနဲ့ ပတ်သက်လို့ NLD ပါတီ တွဲဖက် လူငယ်တာဝန်ခံဖြစ်သူ ဒေါက်တာဝေ ဖြိုးအောင်က ခုလိုမှတ်ချက်ပေးပါတယ်။

“ အခုလက်ရှိအနေအထားကတော့ ဒေါက်တာစိုးမိုးသူကို အဖွဲ့ချုပ်ရဲ့ ဗဟိုလူငယ် တာဝန်ခံအဖြစ်ကနေ တာဝန်လျှော့ချပြီး ရိုးရိုးသာမန် အဖွဲ့ဝင် ဖြစ်သွားတယ်ပေါ့နော်။ ကျနော်တို့ အနေနဲ့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဖွဲ့စည်း ထားတဲ့ လူငယ်လည်း ဖြစ်တယ်။ ဆိုတော့ အဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ ဂုဏ်သိက္ခာပိုင်း ကိုလည်း လိုက်နာရမှာပေါ့။ ဒေါက်တာစိုးမိုးသူအတွက်ကတော့ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ်လို့ သူ့အတွက်ကလည်း အများကြီး အခွင့် အရေးရှိသေးတော့ ကျနော်တို့ အကုန်လုံး အတူတူတွဲပြီး ဆက်ပြီးတော့ လက်တွဲ အလုပ်လုပ်သွားလို့ ရတယ်။ သူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် တယောက် ဖြစ်နေတုန်းပဲ။ အခု လက်ရှိ အထိလည်း ကိုယ်စားလှယ်တယောက် ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ ဒေါက်တာစိုးမိုးသူကို သူလက်ရှိ ရပ်တည်နေတဲ့ ကိုယ်စားလှယ် တာဝန်မှာ ဆက်ပြီး အောင်မြင်အောင် ရပ်တည်နိုင်ဖို့အတွက် အများကြီးထောက်ပံ့ပေး သွားမှာပေါ့ ”

NLD ပါတီအနေနဲ့ အခုတလောမှာ ပါတီဝင်တွေအပေါ် အရေးယူလာတာတွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး တဦးကို တာဝန်ကရပ်စဲတဲ့ အရေးယူ တာတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။ ပါတီဝင်တွေကို ပါတီစည်းကမ်းအရ အရေးယူတာမျိုးကို ကြိုဆိုပေမယ့် ပြည်သူတွေက ယုံကြည်စိတ်ချမှု နည်းလာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကို ပြန်လည်ရုပ်သိမ်းနိုင်ရေးအပိုင်းမှာတော့ အားနည်းေ နသေး တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က သုံးသပ်ပါတယ်။

“ အရေးယူတယ်ဆိုတဲ့ဟာကတော့ ကောင်းပါတယ်။ ဒါပေမယ့် နဲနဲလေး ပြောစရာ ရှိတာက ပါတီအနေနဲ့ အရေးယူနိုင်တာက ပါတီကနေပြီး သူ့တာဝန်တွေကို ရပ် ဆိုင်းတာ၊ အပြင်းထန်ဆုံးဆိုရင်တော့ ပါတီကနေ ထုတ်ပစ်တာပေါ့နော်။ ဆိုတော့ အဲဒီလို လုပ်ပေမယ်လို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကတော့ ပြုတ်မသွား ဘူး.. ဖြုတ်လို့ မရဘူးပေါ့။ အဲဒီတော့ အခုလိုအပ်နေတာက လွှတ်တော်ကိုယ်စား လှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးဖို့ လိုနေတာ။ အဲဒါမှသာလျှင် ပြည်သူလူထုက သူ့မဲဆန္ဒရှင်တွေ ကနေပြီးတော့ ၁%က တိုင်တန်းခွင့် ရသွားမယ်။ သူတို့ ဒီလွှတ်တော်ကိုယ်စားလှယ်က အကျင့်စာရိတ္တ ပျက်ပြားနေတယ်၊ တာဝန်မကျေဘူး၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံ့ကျေးဇူး သစ္စာကိုေ ဖါက် ဖ ျက်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖေါက်ဖျက်တယ် စသဖြင့် အဲဒီပြစ်ချက် ၅ခုမှာ တခုခုနဲ့ညိစွန်းတယ် ဆိုရင် သူက တိုင်ခွင့်ရှိသွားမယ်ပေါ့ ”

Right to Recall လို့ခေါ်တဲ့ မဲဆန္ဒရှင်တွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကို တာဝန်က ပြန်လည်ဖြုတ်ချနိုင်တဲ့ကြိုးပမ်းမှုကို ဦးသိန်းစိန်အစိုးရ လက်ထက် က သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပြန်လည် ရုပ်သိမ်းနိုင်ရေး လွှတ်တော်မှာ ဥပဒေအတည်ပြု ပြဌာန်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ခုချိန်ထိ မအောင်မြင်ခဲ့ပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG