သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နေထိုင်သူတွေ ပြန်ပို့မယ့်လမ်းညွှန်ချက် ကန်အစိုးရ ထုတ်ပြန်


အမေရိကန်မှာ တရားမဝင်နေထိုင်နေသူ သန်းပေါင်းများစွာကို မူရင်းနိုင်ငံတွေဆီပြန်ပို့မယ့် မူဝါဒတွေကို အမေရိကန်၊ အမိမြေ လုံခြုံရေးဌာနက ချမှတ်လိုက်ပါတယ်။

သမ္မတ Donald Trump ပြီးခဲ့တဲ့လကထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်နှစ်ခုကို ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတာကို အသေးစိတ်ဖော်ပြထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို အမိမြေလုံခြုံရေးဌာနဝန်ကြီး John Kelly က အင်္ဂါနေ့မှာ ထုတ်ပြန်တာပါ။

အရင်သမ္မတ ဘရာ့ခ် အိုဘားမား လက်ထက်တုန်းကတော့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ တရားမဝင်နေထိုင်နေသူတွေကိုပဲ ဦးတည်ချက်ထားပြီး မူရင်းနိုင်ငံတွေဆီ ပြန်ပို့ခဲ့တာပါ။

အရင်ကလုပ်ခဲ့တဲ့မူဝါဒတွေကို ဝန်ကြီး Kelly က ပြန်ရုပ်သိမ်းလိုက်ပြီး အခု ဦးစားပေးလုပ်ဆောင်မယ့် မူဝါဒတွေကို ချမှတ်တာပါ။ ရာဇဝတ်မှုတခုခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသူ ဒါမှမဟုတ် စွဲချက်တင်ခံထားရသူ၊ စွဲချက်တင်နိုင်တဲ့ ပြစ်မှုတခုခုကို ကျူးလွန်ထားသူ၊ အစိုးရထောက်ပံ့ကြေးကို လိမ်ညာရယူသူ၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတဦးရဲ့ ဆုံးဖြတ်ချက်အရ အများ ပြည်သူ လုံခြုံရေး ဒါမှမဟုတ် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သူတွေကို အဓိက ဦးတည်ချက်ထားပြီးတော့ ဖမ်းဆီး ပြန်ပို့ မှာဖြစ်ပါတယ်။

ကလေးဘဝမှာ အမေရိကန်ကို တရားမဝင်ရောက်လာသူတွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့်ရှိသူတွေရဲ့ မိဘတွေက တရားမဝင်နေထိုင်သူတွေဖြစ်တယ်ဆိုရင် အဲဒီလူတွေကိုအရေးမယူဘဲ ဆိုင်းငံ့ ထားဖို့ ညွှန်ကြားထားတဲ့ သမ္မတအိုဘားမားရဲ့ အမိန့်တွေကိုတော့ ဒီအတိုင်းပဲ ဆက်ထားသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG